ရန်ကုန်တိုင်းထဲမှာ ဩဂုတ်လ တလအ တွင်း စစ်ရေးလှုပ်ရှားမှု ၈ ကြိမ် ဖော်ဆောင်ထားနိုင်ခဲ့တယ်လိုဆို Rangoon Scout Network က ဒီကနေ့ စက်တင်ဘာ ၄ ရက်မှာ အသိပေးဖော်ပြလာပါတယ်။
အဲဒီ စစ်ရေးလှုပ်ရှားမှု ၈ ကြိမ်မှာ ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှု ၅ ကြိမ်နဲ့ မအောင် မြင်ခဲ့တဲ့ ဗုံးဖောက်ခွဲမှု ၃ ကြိမ်ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
Rangoon Scout Network ရဲ့ဖော်ပြချက်အရ စစ်ကော်မရှင်တပ်သားတွေတည်ရှိရာ နေရာဖြစ်တဲ့ တောင်ဒဂုံမြို့နယ် လူဝင်မှု ကြီးကြပ်ရေးရုံးနဲ့ အရှေ့ဒဂုံမြို့နယ် ထွေအုပ်ရုံးတို့ကို တိုက်ခိုက်နိုင်ခဲ့တဲ့အပြင် မြို့သစ်ရပ်ကွက် (ဂ) အုပ်ချုပ်ရေးမှူး ဖိုးဇင်နဲ့ နောက်လိုက်အပေါင်းပါလူတစ်စုအပါအဝင် လှည်းကူးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်က အုပ်ချုပ်ရေးမှူးနဲ့ လူမိုက်အဖွဲ့တို့ကိုပစ်မှတ်ထားတိုက်ခိုက်နိုင်ခဲ့ကြဝယ်လို့ဖော်ပြထားပါတယ်။
ဒါအပြင် အခြားစစ်ဆင်ရေးတွေဖြစ်တဲ့ရွှေပြည်သာမြို့မရဲစခန်း၊ လှိုင်သာယာမြို့နယ် ၁၄ ရပ်ကွက်ရုံးနဲ့ဒဂုံဆိပ်ကမ်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတို့ကို ဖောက်ခွဲတိုက် ခိုက်မှုတာတွေရှိခဲ့ပြီး အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။
လတ်တလော ရန်ကုန်တိုင်းအတွင်းက မြို့နယ်အချို့မှာ ဧည့်စာရင်းစစ်ဆေးတာတွေ ခပ်စိတ်စိတ်ရှိလာပြီး၊ ဒါဟာ ရွေး ကောက်ပွဲနီးလာတာနဲ့အမျှ နေ့/ည စစ် ဆေးတာတွေပိုများလာနိုင်တယ်လို့ ရန်ကုန်မြို့ခံတွေက ဆိုပါတယ်။
တဖက်မှာလည်း စစ်ကော်မရှင်ပြုလုပ်မဲ့ရွေးကောက်ပွဲကို လက်မခံဘဲ ရွေး ကောက်ပွဲအတွက် လုပ်ဆောင်ပေးနေတဲ့ ဘယ်လို့အဖွဲ့အစည်း လူပုဂ္ဂိုလ်မဆို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမယ်လို့ မြို့ပြပျောက်ကျားအဖွဲ့တွေက သတိပေးတာမျိုးတွေရှိနေပါတယ်။
ပုံစာ-အထူးစစ်ဆင်ရေးအဖွဲ့အားတွေ့ရစဉ်(NUG)


