Homeပြည်တွင်းသတင်းရန်ကုန်က တိုက်ခန်းတခုမှာ လူ ၃ ဦး မီးခိုးမွှန်ပြီး အဆိပ်သင့်

ရန်ကုန်က တိုက်ခန်းတခုမှာ လူ ၃ ဦး မီးခိုးမွှန်ပြီး အဆိပ်သင့်

၂၉ ဇူလိုင် ၂၀၂၅

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ၊ ယုဇနဥယဥ်မြို့တော်၊ ၁၁လမ်း (A) က တိုက်အမှတ် ၂ မှာ ဇူလိုင်လ ၂၈ ရက်နေ့ည ၁၁နာရီအချိန်က လူ ၃ ဦး မီးခိုးမွှန်၊ အဆိပ်သင့်မှု ဖြစ်ခဲ့တယ်လို့ လူမူကူညီရေးအသင်းတွေဆီက သိရပါတယ်။

လျှပ်စစ်မီးပြတ်တောက်နေချိန် ထင်းမီးမွှေးတာဖြစ်ပြီး အဲ့ကနေတဆင့် မီးခိုးမွှန်မူကြောင့် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး မူးဝေအော့အန်မှုဖြစ်ခဲ့ပြီး လူမူကူညီရေးအသင်းအဖွဲ့များကမြေပြင်ပြုစုမှုပြုပေးခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဥ် ဖြူစင်နှလုံးသားနာရေး၊ လူမှုကူညီရေးအသင်း ၊ စစ်တောင်းနာရေးကူညီမှုအသင်းတွေက လူနာတင်ယာဥ်နဲ့ အထွေထွေရောဂါကုဆေးရုံ(လမ်းမတော်)ကို ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁ ရက်ကလည်း ရန်ကုန်တိုင်း ၊ စမ်းချောင်းမြို့နယ်မှာ မီးစက်က ထွက်တဲ့ မီးခိုးငွေ့ကြောင့် တအိမ်လုံးမှာ အောက်စီဂျင်ပြတ် အသက်ရှူရပ် သေဆုံးခဲ့တဲ့ဖြစ်စဉ်တခုဖြစ်ပွားခဲ့ပါတယ်။

ရန်ကုန်မြို့တိုက်ခန်းတွေမှာ မီးစက်မောင်းပြီးလေ အေးပေးစက်ဖွင့်အိပ်တာ၊ အလုံပိတ်အခန်းတွင်းဟင်းချက်ရာကနေ မီးခိုးမွှမ်ပြီး သေဆုံးမူဖြစ်စဥ်တွေ မကြာခဏဖြစ်ပွားနေတယ်တာကြောင့် သတိထားဖို့လိုတယ်လို့ လူမူကူညီရေးအသင်းတွေက အသိပေးထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး