Homeပြည်တွင်းသတင်းရည်းစားဖြစ်သူနဲ့ အဆင်မပြေဖြစ်ပြီး ရွှေဂုံတိုင်တံတားအဆင်းလမ်းပေါ် လှဲအိပ်တဲ့ မိန်းကလေးငယ် ကားကြိတ်ပြီးသေဆုံး

ရည်းစားဖြစ်သူနဲ့ အဆင်မပြေဖြစ်ပြီး ရွှေဂုံတိုင်တံတားအဆင်းလမ်းပေါ် လှဲအိပ်တဲ့ မိန်းကလေးငယ် ကားကြိတ်ပြီးသေဆုံး

၂၂ အောက်တိုဘာ ၂၀၂၅

ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊ကမ္ဘာအေးဘုရားလမ်း၊ ရွှေဂုံတိုင်တံတားအဆင်းလမ်းမှာ ရည်းစားဖြစ်သူနဲ့ အဆင်မပြေဖြစ်ပြီး လမ်းမပေါ် လှဲအိပ်လိုက်တဲ့ မိန်းကလေးငယ်တဦး ကားကြိတ်ပြီး သေဆုံးခဲ့တဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့ပါတယ်။

အဲဒီဖြစ်စဉ်ဟာ မနေ့ အောက်တိုဘာ ၂၁ရက် ညပိုင်းကဖြစ်ပွားခဲ့ပြီး၊ သေဆုံးသူ မိန်ကလေးငယ်ဟာ အသက် ၂၃ နှစ်အရွယ် မလင်းပြည့်အိမ်ဆိုသူဖြစ်ကာ မင်္ဂလာဒုံမြို့နယ် ၊ စွယ်တော်အိမ်ရာမှာနေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။

မိန်းကလေးငယ်ကို တက်ကြိတ်သွားတဲ့ကားဟာ မောင်းပြေးသွားခဲ့တယ်လို့သိရပြီး၊ မိန်းကလေးငယ်ရဲ့ ရုပ်အလောင်းကိုတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုပို့ ဆောင်ထားပါတယ်။

“မိသားစုနဲ့အဆက်အသွယ်ရပါပြီ။ ရည်းစားဖြစ်သူနဲ့ အဆင်မပြေဖြစ်ပုံရတယ်။

ဖြစ်တဲ့နေရာမှာရှိနေတဲ့သူတွေပြောတာတော့ ရည်းစားရဲ့ကားပေါ်ကဆင်းပြီး ကျန်ခဲ့ပြီး အခုလိုဖြစ်တာ။”လို့ ဖြစ်စဉ်ကို သိရှိသူတဦးကဆိုပါတယ်။

သေဆုံးသူနဲ့ ရည်းစားဖြစ်သူတွေဟာ ကလောကို အလည်သွားရာက ပြန်လာပြီးနောက် စကားများရန်ဖြစ်ပြီး မိန်း ကလေးငယ်ဂာ ခရီးဆောင်အိတ်နဲ့အတူ ကားပေါ်ကနေဆင်းနေခဲ့ရာကနေ အခုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ- မေတ္တာအလင်း

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး