Homeပြည်တွင်းသတင်းရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဦးလှစောကွယ်လွန်

ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဦးလှစောကွယ်လွန်

မေ၊ ၂၀၂၅

ရခိုင်ပြည်နယ်က ဝါရင့်ရခိုင်နိုင်ငံရေးသမားဦးဦးလှစောဟာ မေလ၅ရက်နေ့ည၁၁နာရီကျော်က ဆေးကုသမှုခံယူနေရင်း ကွယ်လွန်သွားပြီလို့ နိုင်ငံရေးအ သိုင်းအဝိုင်းက သိရပါတယ်။

ဦးဦးလှစောဟာ ကွယ်လွန်ချိန်မှာ အသက်(၇၂) အ ရွယ်ကို ရောက်ရှိနေပြီး လည်ချောင်းကင်ဆာရောဂါဝေဒနာကို ခံစားနေရသူဖြစ်တယ်လို့ သိရပါတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ ဦးဦးလှစောဟာ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သလို ကဗျာ ဆရာနဲ့စာရေးဆဆရာတစ်ဦးလည်းဖြစ်ပြီး ကလောင်နာမည်မှာ မောင်ခိုင်အောင် ဖြစ်တယ်လို့ သိရပါတယ်။

မကွယ်လွန်မီအချိန် ၁၉၇၀ခုနှစ်ကာလတွေမှာခေတ်ပေါ်ကဗျာ၊ဝတ္ထုတိုနဲ့ ရသ စာတွေကို ရေးသာရာမှာထင်ရှားပြီး ကျောင်းသား လှုပ်ရှားမှုတွေမှာလည်းပါဝင်ခဲ့သလို ၁၉၉၀ ခုနှစ်မှာ ရခိုင်ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ ၂၀၁၀ ခုနှစ်မှာ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDP ကိုတည်ထောင်ပြီး အထွေထွေအ တွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။၂၀၁၃ခုနှစ်မှာ RNDPနှင့်ALD ပါတီပူးပေါင်းရေးမှာ အဓိကဦးဆောင်ခဲ့ပြီး၂၀၂၁ နောက်ပိုင်းမှာ ULA/AA (ရခိုင်အမျိုး သားအဖွဲ့ချုပ်)ရဲ့နိုင်ငံရေးမှူးနဲ့ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ မူဝါဒရေးရာ ဦး ဆောင်ကော်မတီဝင်တစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read