Homeပြည်တွင်းသတင်းရခိုင်လူငယ်တွေ ပြည်ပ နဲ့ ပြည်မကို ထွက်ခွာခြင်း မပြုဘဲ စစ်မှုထမ်းရမယ်လို့ AA က ကြေညာ

ရခိုင်လူငယ်တွေ ပြည်ပ နဲ့ ပြည်မကို ထွက်ခွာခြင်း မပြုဘဲ စစ်မှုထမ်းရမယ်လို့ AA က ကြေညာ

၂၃ မေ ၊၂၀၂၅

ရခိုင်ပြည်တွင်းနေထိုင်နေတဲ့ ရခိုင်လူငယ်တွေအနေနဲ့ ပြည်ပ နဲ့ ပြည်မကို ထွက်ခွာခွင့် မပြုဘဲ ရက္ခိုင့်တပ်တော်ထံမှာ စစ်မှု ထမ်းဆောင်ရမယ်လို့ အာရက္ခတပ်တော် AA က မနေ့က ထုတ်ပြန် အသိပေးထားပါတယ်။

ထုတ်ပြန်ချက်အတွင်း အသက် ၁၈ မှ ၂၅ အရွယ် အမျိုးသမီးတွေနဲ့ အသက် ၁၈ မှ ၄၅ နှစ်အတွင်း အမျိုးသားတွေအားလုံး စစ်မှုထမ်းရမယ်လို့ ဖော်ပြပါရှိပြီး AA ရဲ့ အမျိုးသားကာ ကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက်(NDEP) ကြောင့် စစ်မှုမထမ်းလိုတဲ့ လူငယ်၊ လူရွယ်တွေ ရပ်ရွာအတွင်းမှ တိမ်းရှောင်မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

AA ကျန်းမာရေးဌာနက ကုသမပေးနိုင်တဲ့ ပြင်းထန်ရောဂါသည် လူနာတွေနဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ လူနာတွေကလွဲပြီး မတ်လ ၁၈ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ် ပြဋ္ဌာန်းချက် (NDEP) ပါ အကျုံးဝင်သူတွေကို သွားလာခွင့်ပြုမည်မဟုတ်ဘဲ လက်ရှိတိုက်ပွဲတွေ ကြောင့် ဖြစ်ပေါ်လာတဲ့ အရေးပေါ်ကာလပြီးဆုံးချိန်အထိ တားမြစ်ထားမှာဖြစ်တယ်လို့လည်း AA က ကြေညာ ထားပါတယ်။

ရခိုင်မှ ထွက်ခွာလိုသူတွေကို ကုန်းလမ်း၊ ရေလမ်းမှ ပိုက်ဆံယူ ပို့ဆောင်ပေးသူများကိုလည်း “တွေ့ရှိပါက တည်ဆဲဥပဒေတွေအရ အရေးယူသွာမှာဖြစ်ကြောင်း နဲ့ အခြေခံစားသောက်ကုန်တွေ ရောင်းဝယ်လုပ်နေတဲ့ ကုန်သည်များ၊ နွားကုန်သည်များ၊ နွားအငှားလိုက်သူများ စတဲ့ ကုန်သည်တွေအနေနဲ့လည်း လူပိုခေါ်ခြင်း၊ အခကြေး ငွေယူ လူကယ်ရီ မပြုလုပ်ဖို့ AA က တားမြစ်ထားပါတယ်။

ဓာတ်ပုံ – AA InfoDesk

ဆက်စပ် သတင်းများ

Most read