ပြီးခဲ့တဲ့ ဇွန်လနဲ့ ဇူလိူင်လတွေအတွင်း ရခိုင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုတွေ့ဖြစ်ပွားခဲ့မှုကြောင့် လူ ၂၁ ဦးသေဆုံးခဲ့ပြီး ဒေသခံ ၄ သောင်းကျော် ရေဘေးသင့်ခဲ့တယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့်ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ရဲ့ သတင်း ထုတ်ပြန်မှုအရ သိရပါတယ်။
ရေကြီးရေလျှံမှုကြောင့် ရခိုင်ပြည်နယ်တစ်ဝန်းရှိ လအိမ်ထောင်စု ၉,၇၆၁ စု၊ လူဦးရေအားဖြင့် ၄၂,၄၅၉ ဦး ထိခိုက်မှုရှိခဲ့ကြောင်း၊ နေအိမ် ၅၃ လုံး နဲ့ IDP ရုံးခန်း ၂ ခန်းလည်း ပျက်စီးဆုံးရှုးခဲ့ရကြောင်းနဲ့ ထွန်ယက်စိုက် ပျိုးထားသော လယ်ဧက ၁၈,၈၂၃.၁၂ ဧက ပျက်စီးဆုံးရှုးခဲ့တယ်လို့ ဆိုပါတယ်။
ဇွန်လမှ ဇူလိုင်လအထိ မြို့နယ် ၈ ခုတွင် မိုးများစွာရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံမှုများဖြစ်ပွားခဲ့ပြီး တောင်ကုတ်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တော နဲ့ ရသေ့ တောင်မြို့နယ်တွေက ကျေးရွာပေါင်း ၁၆၅ ရွာအတွင်းက နေအိမ်၊ လမ်းတံတားတွေနဲ့ လူထိခိုက် သေဆုံး မှုတွေရှိတယ်လို့ ဆိုပါတယ်။
ရေကြီးရေလျှံမှုတွေအတွင်း လမ်းခရီးသွားလာရာမှ ရေနစ်ခြင်း၊ ရေစီးဖြင့်မျောပါခြင်းတို့ကြောင့် လူ ၂၁ ဦးခန့် သေဆုံးမှု ဖြစ်ပွားခဲ့ပြီး လက်ရှိအခြေအနေအရ အရေး ပေါ်အကူအညီတွေ တိုးမြှင့်ဆောင်ရွက်ပေးဖို့ အရေးကြီး လျက်ရှိတယ်လို့ HDCO က အသိပေးထားပါတယ်။
ဓာတ်ပုံ – HDCO


