ပဋိပက္ခ၊ ပိတ်ဆို့တားဆီးခံရတာနဲ့ရန်ပုံ ငွေဖြတ်တောက်တာတွေကြောင့် ဆာလောင် မွတ်သိပ်တာနဲ့ အာဟာရချို့တာတွေ မြင့်တက်လာနေတဲ့ ရခိုင်ပြည်နယ်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပိုမိုပေးအပ်နိုင်ဖို့ နိုင်ငံတကာအနေနဲ့ မျက်နှာမလွှဲဘဲ အကူ အညီတွေပေးစေလိုတယ်လို့ ကမ္ဘာ့စားနပ်ရိ က္ခာအစီအစဥ် (WFP) က အရေးတ ကြီး တိုက်တွန်းတောင်းဆိုထားပါတယ်။
လတ်တလော ရခိုင်ပြည်နယ်အလယ်ပိုင်းမှာ အခြေခံစားနပ်ရိက္ခာ ပြည့်မီအောင် မစားသုံးနိုင်တဲ့မိသားစုအရေအတွက်ဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ၃၃ ရာ ခိုင်နှုန်းရှိခဲ့ရာကနေ အခု ၅၇ ရာခိုင် နှုန်းအထိ ရောက်ရှိနေပြီဖြစ်တယ်လို့ WFP ကဖော်ပြထားပါတယ်။
ယင်းမှာ ရခိုင်ပြည်နယ်အလယ်ပိုင်းအ တွင်း စားနပ်ရိက္ခာဖူလုံမှုအခြေအနေ အ လွန်စိုးရိမ်ဖွယ်ရာအတိုင်းအတာအထိရောက်ရှိနေပြီဖြစ်ပြီး လတ်တလောအာ ဟာရချို့တဲ့မှုအခြေအနေမှာလည်း ပိုမိုဆိုးရွားလာနေတယ်လို့ ဆိုပါတယ်။
အလားတူဘဲ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ပဋိပက္ခနဲ့ သွား လာခွင့်ကန့်သတ်ထားတာကြောင့် ဒီထက်မက အခြေအနေ ပိုမိုဆိုးရွားနေမယ်လို့ခန့်မှန်းထားပြီး၊ ရပ်ရွာလူထုတွေဆီကနေ
စိုးရိမ်ဖွယ် အကြောင်းကြားချက်တွေ အလွန်မြင့်တက်လာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
“အခုချက်ချင်း တုံ့ပြန်ဆောင်ရွက်ကြဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ရင် ဒီအကျပ် အတည်းဟာ တကယ့်ကို ဆိုးရွားတဲ့ ကပ်ဆိုးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်၊ ဒါကို နိုင်ငံတကာက မျက် နှာလွှဲလိုက်လို့ မရပါဘူး။” လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စား လှယ် Michael Dunford က ပြောထားပါတယ်။
ရခိုင်ပြည်နယ်မှာ မိသားစုဘဝရှင်သန်ရပ်တည်ရေးအတွက် အကြွေးယူရတာ၊ တောင်းရမ်းစားသောက်တာ၊ အိမ်တွင်းအကြမ်းဖက်တာ၊ ကျောင်းထွက်ရတာ၊ လူမှုရေးတင်းမာတာတွေနဲ့လူကုန်ကူးခံရတာတွေအထိ နည်းမျိုးစုံနဲ့အပူတပြင်းကြိုးစားရပ်တည်နေကြရတယ်လို့ WFP ရဲ့စစ်တမ်းတွေအရ သိရတယ်လို့ ဆိုပါတယ်။
“လူတွေက ပဋိပက္ခတွေအကြား ပိတ်ဆို့ခံရနေရတယ်၊ ကိုယ့်ဝမ်းစာကိုယ်ရှာစားခွင့်ဆုံးရှုံးနေကြတယ်၊ လူသားချင်းစာနာမှုအကူအညီအကာအကွယ်မဲ့နေကြတယ်။ ဒီလို အဆိုးကျော့သံသရာထဲမှာပဲတဝဲလည်လည်ပိတ်မိနေကြရတယ်”လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စား လှယ် Michael Dunford က ပြောထားပါတယ်။
ဒါအပြင်ဝမ်းဆာလို့ငိုကြွေးနေတဲ့ ကလေးတွေစားစရာ မရှိလို့ မစားလိုက်ရတဲ့မိခင်တွေရဲ့အကြောင်းနေ့တိုင်းကြားနေရပြီး မိသားစုတွေက သူတို့တတ်နိုင်သမျှ ကြိုး စားရုန်းကန်နေကြပေမဲ့ ဒီလိုအခြေအနေမှာ သူတို့ရုန်းကန်အားတစ်ခုတည်းနဲ့ ရှင်သန်ဖို့ ခက်ခဲပါတယ်လို့ Michael Dunford က ဖြည့်စွက်ပြောထားပါတယ်။
ရှည်ကြာစွာဖြစ်ပွားနေတဲ့ပဋိပက္ခ၊ သွား လာရေးမှာ ကန့်သတ်ချက်တွေ ၊စား သောက်ကုန်ဈေးနှုန်းတွေမြင့်တက်လာတာနဲ့ လူသားချင်းစာနာထောက်ဘထားမှုဆိုင်ရာရန်ပုံငွေတွေ လျော့နည်းသွားတာကြောင့် အထောက်အပံ့တွေလျှော့ချခံရတာတွေဟာ ဆာ လောင် မွတသိပ်မှု အကျပ်အတည်းကို ပိုဆိုးအောင် တွန်း အားပေးလျက်ရှိတယ်လို့ဆိုပါတယ်။
၂၀၂၅ ခုနှစ် ဧပြီလမှာ WFP ဟာ ရန်ပုံငွေမလုံလောက်တာကြောင့် မြန်မာနိုင်ငံရဲ့လူဦးရေ တစ်သန်းကျော်ကို အထောက်အပံ့ရပ်ဆိုင်းခဲ့ရပေမဲ့ WFP ဟာ အခြေအနေအဆိုးရွားဆုံးဖြစ်နေတဲ့ဒေသတွေမှာကူ ညီထောက်ပံ့တာတွေကိုအကန့်အသတ်နဲ့ ပြန်လည်စတင်ပေးအပ်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။
WFP အနေနဲ့ လာမည့်ခြောက်လအတွင်း ရခိုင်ပြည်နယ်မီာရှိတဲ့ လူဦးရေပေါင်း ၂၇၀,၀၀၀ ကို ကူညီဖို့ အမေရိကန်ဒေါ် လာသန်း ၃၀ လိုအပ်နေတဲ့အတွက် နိုင်ငံ တကာအနေနဲ့ ကူညီပေးကြဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။
ဓာတ်ပုံ-WFP


