ရခိုင်ပြည်မှာ တာဝန်ထမ်းဆောင်ဖို့ သား ဖွားအတတ်ပညာသင်တန်းတက်ရောက်ရန် သင်တန်းသူတွေကို ခေါ်ယူနေပြီဖြစ်တယ်လို့ ULA/AA ကထုတ်ပြန်ထားပါတယ်။
အဲဒီ သားဖွားအတတ်ပညာသင်တန်းကို ၁၈ လတာ သင်ကြားသွားမယ်လို့ သိရပြီး
သားဖွားအတတ်ပညာသင်းတန်းကို အ သက် ၂၅ နှစ်အောက် အမျိုးသမီး မည် သူမဆို လျောက်ထားနိုင်ပြီး ပညာအရည်အချင်အနေနဲ့ ULA/AA ပြုလုပ်တဲ့ ၁၂ တန်းအောင် မြင်ပြီးသူ ဖြစ်ရမယ်လို့ သိရပါတယ်။
သင်တန်းပြီးဆုံးရင် အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှာ သားဖွားဆရာမအနေနဲ့ ၅နှစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး၊ မျိုးဆက်ပွားကျန်းမာရေးလုပ်ငန်း၊ မွေးကင်းစနဲ ငါးနှစ်အောက် ကလေးငယ် ကျန်းမာဖွံ့ဖြိုးရေးလုပ်ငန်းတွေ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းတွေကာကွယ်ဆေးထိုးလုပ်ငန်းတွေနဲ့ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲတွေမှာ ဆေးကုသရေးလုပ် ငန်းတွေလုပ်ဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။
သားဖွားအတတ်ပညာလျောက်ထားလိုသူတွေအနေနဲ့ ပြည်သူ့ကျန်းမာရေးဌာနကို စက်တင်ဘာလ ၁၀ ရက် နောက်ဆုံးထားလျောက်ထားနိုင်တယ်လို့ သိရပါတယ်။


