Homeပြည်တွင်းသတင်းရခိုင်ပြည်နယ်ရဲ့ ကုန်းလမ်း ထွက်ပေါက်မြို့တွေမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ AA ထုတ်ပြန်

ရခိုင်ပြည်နယ်ရဲ့ ကုန်းလမ်း ထွက်ပေါက်မြို့တွေမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ AA ထုတ်ပြန်

၁၆ ဩဂုတ်၂၀၂၅

ရခိုင်ပြည်နယ်ရဲ့ ကုန်းလမ်း ထွက်ပေါက်မြို့တွေဖြစ်တဲ့ မကွေး၊ ပဲခူးနဲ့ ဧရာဝတီ တိုင်းအစပ်တွေမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ အာရက္ခတပ်တော် အေအေက သြဂုတ် ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်နဲ့ အာရက္ခတပ်တော် အေအေအကြား တိုက်ပွဲတွေ ရပ်တန့်မနေဘဲ ဆက်လက်ဖြစ်ပွားနေတာဖြစ်ပြီး၊ သြဂုတ် ၁၄ ရက်မှာ မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းက စွန်တက်ရွာ မြောက်ဘက်က အာရက္ခတပ်တော်အခြေချနေရာကို စစ်တပ်ရဲ့တပ်မ ၉၉ ကထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီရက် မွန်းလွဲပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်တပ်ဘက်က တပ်ဖွဲ့ဝင် ၂၀ သေဆုံးပြီး လက်နက် ခဲယမ်းနဲ့ စစ်အသုံးအဆောင်တချို့ သိမ်းဆည်းရမိတယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

အာရက္ခတပ်တော်အေအေရဲ့ပြောရေးဆို ခွင့်ရှိသူ ဦးခိုင်သုခက ပြည်နယ်ရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ ဆိုထားပါတယ်။

ULA/AA တည်ထောင်စဥ်ကတည်းက ရည်မှန်းချက်ဖြစ်တဲ့ အာရက္ခပြည်တခုလုံး သိမ်းပိုက်ရေးရည်မှန်းထားတာကြောင့် အဲဒီချမှတ်တ်ထားတဲ့ လမ်းစဥ်အတိုင်း လုပ်ဆောင်သွားမယ်လို့ ဩဂုတ် ၁၁ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

ဓာတ်ပုံ-AA Info Desk

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး