၈ နိုဝင်ဘာ၊၂၀၂၄
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေပြီး ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့နေမှုတွေကြောင့် လာမယ့် ၂၀၂၅ ခုနှစ်အတွင်း ရခိုင်ပြည်နယ်အတွင်းက လူဦးရေ ၂ သန်းကျော် အငတ်ဘေးကြုံလာနိုင်တယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က နိုဝင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ သိရ ပါတယ်။
UNDP က ကောက်ယူထားတဲ့အချက်အလက်တွေအရ ၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်အတွင်း ရခိုင်ပြည်နယ်အတွင်းကို နိုင်ငံတကာ ကုန်ပစ္စည်းဝင်ရောက်မှု ကန့်သတ်တာ၊ ဝင်ငွေမရှိတာ၊ ငွေကြေးဖောင်းပွမှု၊ ပြည်တွင်းထုတ်ကုန် သိ သိသာသာကျဆင်းမှုနဲ့ မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေ၊ လူမှုဖူလုံရေးကွန်ရက်တွေ မရှိတာကြောင့် မူလက တည်းက ဆင်းရဲဒုက္ခ ခံစားနေကြရတဲ့ ရခိုင်ပြည်သူတွေဟာ လာမယ့်လတွေအတွင်း ပိုပြီးဆိုးရွားတဲ့အခြေ အနေ နဲ့ ကြုံတွေ့ရနိုင်တယ်လို့ ဆိုပါတယ်။
ခန့်မှန်းချက်တွေအရ လာမယ့် ၂၀၂၅ ခုနှစ် မတ်လကနေ ဧပြီလအတွင်း ပြည်တွင်းစား သောက်ကုန်ထုတ် လုပ်မှု ဟာ ပြည်နယ် ရိက္ခာလိုအပ်ချက်ရဲ့ ၂၀ ရာခိုင်နှုန်းကိုသာ ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပြီး ပြည်တွင်း ပြည်ပကုန် သွယ်မှုအားလုံး ရပ်ဆိုင်းလုနီးပါး ဖြစ်နေတဲ့အတွက် ပြည်နယ်ရဲ့ လူဦးရေ ၉၅ ရာခိုင်နှုန်းလောက်ကို အန္တရာယ် ကျရောက်စေနိုင်တယ်လို့ UNDP က ထောက်ပြပါတယ်။
ဒါကြောင့် ရခိုင်ပြည်နယ်အတွင်း ကုန်ပစ္စည်း ဝင်ရောက်ခွင့်ရဖို့၊ လက်ရှိကန့်သတ်ချက်တွေအားလုံး ရုတ်သိမ်းပြီး ရခိုင်ပြည်နယ်အတွင်း ကူးသန်းရောင်းဝယ်ရေးနဲ့ ကုန်စည်စီးဆင်းရေး ကောင်းမွန်ဖို့၊ အကူအညီပေးရေး လုပ် သားတွေကို လွတ်လွတ်လပ်လပ် ဝင်ရောက်ခွင့်ပြုဖို့နဲ့ သူတို့ရဲ့ ဘေးကင်းလုံခြုံရေးအတွက် သက်ဆိုင်ရာ အဖွဲ့ အစည်းအားလုံးက အာမခံဖို့လည်း UNDP က တောင်းဆိုထားပါတယ်။
UNDP က ကောက်ယူထားတဲ့အချက်အလက်တွေအရ ရခိုင်ပြည်နယ်အတွင်း စားနပ်ရိက္ခာ ဖူလုံစေဖို့အတွက် ၂၀၂၅ ခုနှစ်မှာ အနည်းဆုံး ဆန်တန်ချိန် သုံးသိန်းခွန်နစ်သောင်းကျော် (၃၇၂,၀၀၀) လိုအပ်နေတယ်လို့ လည်း ဆိုပါတယ်။
Photo – UNDP Myanmar