Homeပြည်တွင်းသတင်းရခိုင်စစ်ရှောင်ကလေးတွေ နို့မှုန့်အာဟာရအတွက် မော်ဒယ် လုလုအောင်က ကျပ်သိန်း ၃၀ လှူဒါန်း

ရခိုင်စစ်ရှောင်ကလေးတွေ နို့မှုန့်အာဟာရအတွက် မော်ဒယ် လုလုအောင်က ကျပ်သိန်း ၃၀ လှူဒါန်း

၁၈ ဖေဖော်ဝါရီ ၂၀၂၆ | New Day Myanmar

အသက် ၆ လအောက် ရခိုင်စစ်ဘေးရှောင်ကလေးတွေရဲ့ နို့မှုန့်အာဟာရအတွက် မော်ဒယ် လုလုအောင် က ကျပ်သိန်း ၃၀ လှူဒါန်းခဲ့တယ်လို့ ရခိုင်ပြည် စစ်ဘေးရှောင်ကူညီရေးအဖွဲ့ အရွယ်စုံ Arakanese Ladies က ထုတ်ပြန်ထားပါတယ်။

လှူဒါန်းမှုနဲ့ပတ်သက်ပြီး မော်ဒယ် လုလုအောင်က သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ “သာလီစွပါ တမြေထဲက သွေးချင်းမောင်နှမတွေတွက် ခေးကြီးရဲ့ မေတ္တာရေကြည်တပေါက်”လို့ မျှဝေထားပါတယ်။

အရွယ်စုံ Arakanese Ladies အဖွဲ့ဟာ လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း စစ်ဘေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေကို ထောက်ပံ့ကူညီမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး အသက် ၆ လအောက် စစ်ရှောင်ကလေးတွေအတွက် နို့မှုန့်အာဟာရကို လစဉ်အလိုက် ဆက်လက်လိုအပ်နေဆဲဖြစ်တယ်လို့ အကူအညီတောင်းခံထားပါတယ်။

မော်ဒယ် လုလုအောင်ဟာ စစ်ဘေးတိမ်းရှောင်ပြည်သူတွေကိုသာမက သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးရတဲ့ ပြည်သူတွေကိုပါ ဆက်တိုက်ကူညီထောက်ပံ့နေသူတစ်ဦးဖြစ်ပါတယ်။

ဓါတ်ပုံ – Lulu Aung FB

#ရခိုင်စစ်ဘေးရှောင်

#ကလေးအာဟာရ

#နို့မှုန့်အထောက်အပံ့

#လုလုအောင်

#ArakaneseLadies

#စစ်ဘေးရှောင်ကူညီရေး

#NewDayMyanmar

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး