Homeပြည်တွင်းသတင်းရက်စက်တဲ့ စစ်အုပ်စုကို တရုတ် ကယ်တင်နိုင်မှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ ပြော

ရက်စက်တဲ့ စစ်အုပ်စုကို တရုတ် ကယ်တင်နိုင်မှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ ပြော

၁၆ မေ၊ ၂၀၂၅

ရက်စက်ကြမ်းကြုတ်တဲ့ စစ်အုပ်စုအတွက် တရုတ်နိုင်ငံရဲ့ စစ်ရေးအထောက်အပံ့ပေးမှုနဲ့ မြန်မာနိုင်ငံအတွင်း မျက်နှာပြောင်တိုက် ကြားဝင်စွက်ဖက်နေခြင်းဟာ စစ်အုပ်စုကို ကယ်တင်နိုင်မှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ကပြောလိုက်ပါတယ်။

တရုတ်ရဲ့ ဒီလုပ်ရပ်ဟာ မြန်မာပြည်သူလူထုရဲ့ ဆင်းရဲဒုက္ခတွေကို ရှည်ကြာစေရုံသာမက စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရောက်ရှိလာမှုကိုလည်း နှောင့်နှေးကြန့်ကြာစေမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အုပ်စု မလွဲမသွေကျဆုံးတဲ့ အခါမှာလည်း မြန်မာပြည်သူတွေဟာ တရုတ်နိုင်ငံ ဘယ်ဘက်က ရပ်တည်ခဲ့တာကို အသေအချာ မှတ်မိနေမှာဖြစ်တယ်လို့ မေလ ၁၅ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံဟာ ဝင်ရောက်မစွက်ဖက်ရေးမူဝါဒကို ထပ်ခါတလဲလဲ ပြောနေပေမယ့်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ကြားဝင်စွက်ဖက်မှုတွေဟာ တရုတ်ရဲ့ အကျိုးစီးပွားကို ပဲ ရှေ့ရှု့နေတာပြသတယ်လို့ ဆိုပါတယ်။

တရုတ်ရဲ့ ဒီလုပ်ရပ်တွေဟာ မြန်မာပြည်သူတွေအတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကို ထိခိုက်စေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ပြောပါတယ်။

ဆက်စပ် သတင်းများ

Most read