Homeပြည်တွင်းသတင်းယူနန် မြန်မာနယ်စပ်မှာ တရုတ်တပ်မတော် ကျည်အစစ်သုံးပြီး သုံးရက်တာ စစ်ရေးလေ့ကျင့်

ယူနန် မြန်မာနယ်စပ်မှာ တရုတ်တပ်မတော် ကျည်အစစ်သုံးပြီး သုံးရက်တာ စစ်ရေးလေ့ကျင့်

၂၇ ဩဂုတ်၊ ၂၀၂၄

ဩဂုတ်လ ၂၇ ရက် က ၂၉ ရက်အထိ တရုတ်-မြန်မာနယ်စပ်မှာ တရုတ်ပြည်သူ့ လွတ်မြောက် ရေးတပ်(PLA)က ကျည်အစစ်တွေကို သုံးပြီး မြေပြင်နဲ့ ဝေဟင်မှာ စစ်ရေးလေ့ကျင့်မှုတွေကို ပြုလုပ်နေပါတယ်။

နယ်စပ်ဒေသရဲ့ လုံခြုံမှုကို ကာကွယ်ဖို့အတွက် သတင်းထောက်လှမ်းရေး၊ ကနဦး သတိပေးချက် ထုတ်ပြန်ရေး၊ နယ်မြေထိန်းချုပ်ရေး နဲ့ ပစ်ခတ်နိုင်စွမ်းတွေကို လေ့ကျင့်တာဖြစ်တယ်လို့ PLA ပြောခွင့်ရ ဗိုလ်မှူးကြီး Tian Junli က WeChat အကောင့်က တရားဝင်ကြေညာပါတယ်။

မြန်မာနဲ့ထိစပ်နေတဲ့ ရွှေလီ၊ ကျယ်ခေါင်၊ ဝမ်တိန်စတဲ့ မြို့တွေအပါအဝင် တရုတ် ယူနန်ပြည်နယ်နဲ့ မြန်မာဟာ နယ်နိမိတ်ချင်း မိုင်ပေါင်း ၁၀၀၀ ကျော် ထိစပ်နေပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် တရုတ်နယ်စပ်ပါ မငြိမ်မသက် ဖြစ်မှာစိုးတဲ့အတွက် စစ်ရေးလေ့ကျင့်မှုတွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

၁၀၂၇ တိုက်ပွဲတွေကြောင့် တရုတ်ပြည် နမ့်ဆန်မြို့ကို မြန်မာဘက်ကပစ်ခတ်တဲ့ မော်တာဒုံးကျည် ကျရောက်ပြီး လူ ၁ ယောက်သေ ၅ယောက် ဒဏ်ရာရတဲ့အတွက် ဧပြီလ ၂ ရက်နဲ့ ၃ ရက်မှာ ကျည်အစစ်တွေသုံးပြီး ၂ ရက်တာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ပုံစာ- (စစ်ရေးလေ့ကျင့်မဲ့နေရာတစ်ခုဖြစ်တဲ့ တရုတ်မြန်မာနယ်စပ် ဝမ်တိန်တံတားကို ဩဂုတ်လ ၂၇ မှာ တွေ့ရပုံ)

Photo – CFP

ဆက်စပ် သတင်းများ

Most read