Homeနိုင်ငံတကာသတင်းယူကရိန်းကျူးကျော်စစ်မှာ အပစ်အခတ်ရပ်ဖို့ ရုရှား သဘောတူ

ယူကရိန်းကျူးကျော်စစ်မှာ အပစ်အခတ်ရပ်ဖို့ ရုရှား သဘောတူ

၁၉ မတ်၊၂၀၂၅

ယူကရိန်းနိုင်ငံနဲ့ဖြစ်ပွားနေတဲ့ နှစ်နိုင်ငံအကြားက စစ်ပွဲမှာ ယူကရိန်းက သဘောတူပါက အကန့်အသတ်နဲ့ အပစ်အခတ်ရပ်ဖို့ သဘောတူတယ်လို့ ရုရှားနိုင်ငံကရင်မလင်နန်းတော်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ရုရှားသမ္မတဗ လာဒီမာပူတင်တို့ နှစ်ဦးအကြား နှစ်နာရီကျော်ကြာ ဖုန်းဆက် ဆွေးနွေးခဲ့ပြီးနောက်မှာ ရုရှားဖက်အခုလို အပစ်အခတ်ရပ်ဖို့အတွက် သဘောတူညီချက်တစ်ခုထွက်ပေါ်လာခဲ့တာလို့ သိရပါတယ်။

ရုရှားအနေနဲ့ အပစ်အခတ်ရပ်ဖို့ သဘောတူညီချက်ဟာ နှစ်နိုင်ငံရဲ့ စွမ်းအင်ဆိုင်ရာအဆောက်အအုံများကို မတိုက်ခိုက်ဖို့အတွက် အကန့်အသတ်နဲ့သာ လုပ် ဆောင်သွားမှာလို့ သိရပါတယ်။

ရုရှားသမ္မတပူတင်အနေနဲ့ ယူကရိန်းဖြစ်ပွားနေတဲ့ စစ်ပွဲများ အလုံးစုံအပစ်အခတ်ရပ်ဖို့အတွက် အရိပ် အယောင်ပြနေပေမယ့် လတ်တလောမှာတော့ ဖြစ်မလာနိုင်သေးဘူးလို့ သိရပါတယ်။

ယူကရိန်းသမ္မတဇလန်းစကီးကတော့ ထရမ့်နဲ့ပူတင်တို့ရဲ့ ဆွေးနွေးပြောဆိုရာကနေ ထွက်ပေါ်လာတဲ့ရ လဒ်တစ်ခုဖြစ်တဲ့ အကန့်အသတ်နဲ့ စစ်ပွဲရပ်ဖို့ကို လက်ခံဖွယ်ရှိတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read