၆ ဩဂုတ် ၂၀၂၅
စစ်ကော်မရှင် ယာယီသမ္မတ ဦးမြင့်ဆွေ ဟာ ဩဂုတ် ၆ ရက် မနက်ပိုင်း ၃ နာရီဝန်းကျင်က အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ နေပြည်တော် သတင်းရင်းမြစ်တွေ ထံက သိရပါတယ်။
သူ့ရဲ့ ကျန်းမာရေးဟာ အထူးစိုးရိမ်ဖွယ်ရာ အခြေအနေရှိနေတာကြောင့် စစ်ဆေးရုံမှာ အထူးကြပ်မတ်ကုသနေရတယ်လို့ ဒီနေ့ ဩဂုတ် ၅ ရက်မှာ စစ်ကော်မရှင် ကာလုံက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဦးမြင့်ဆွေဟာ ၂၀၂၃ ခုနှစ်ကနေစပြီး လှုပ်ရှားရာမှာ တုံ့နှေးလာတာ၊ အစာအာဟာ ရစားသုံးမှုနည်းပါးလာတာ၊ ပါကင်ဆင် အာရုံကြောအားနည်းရောဂါ ခံစားရတာတွေကြောင့် ၂၀၂၄ ခုနှစ်ကနေစပြီးစင်ကာပူနိုင်ငံဆေးရုံနဲ့ မြန်မာနိုင်ငံ စစ် ဆေးရုံမှာကုသမှုခံယူခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီနောက် ဆေးရုံကဆင်းလာပြီး နေ အိမ်မှာပဲဆေးခွင့်နဲ့ကျန်းမာရေးစစ်ဆေးကုသတာတွေဆောင်ရွက်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် သူဟာ ၂၀၂၅ ခုနှစ် ဇူလိုင်လကနေစပြီးကိုယ်အလေးချိန်လျော့ကျခြင်း၊ အစာကောင်းစွာ မစားနိုင်တာ၊ အဖျားတက်တာ၊ ဦးနှောက်နိုးကြားမှု လျော့နည်းတာတွေကြောင့် ဇူလိုင်လ ၂၄ ရက်နေ့မှာ အမှတ် ၂ စစ်ဆေးရုံမှာ ထပ်မံ ဆေးကုသမှု ခံယူရင်း ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ-MOI


