Homeပြည်တွင်းသတင်းယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေး အထူးစိုးရိမ်ဖွယ်ရာ အခြေအနေမှာရှိနေ

ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေး အထူးစိုးရိမ်ဖွယ်ရာ အခြေအနေမှာရှိနေ

၅ ဩဂုတ် ၂၀၂၅

စစ်ကော်မရှင် ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ကျန်းမာရေးဟာ အထူးစိုးရိမ်ဖွယ်ရာ အခြေအနေရှိနေတာကြောင့် စစ်ဆေးရုံမှာ အထူးကြပ်မတ်ကုသနေရတယ်လို့ ဒီနေ့ ဩဂုတ် ၅ ရက်မှာ သတင်းထုတ်ပြန် လာပါတယ်။

ဦးမြင့်ဆွေဟာ ၂၀၂၃ ခုနှစ်ကနေစပြီး လှုပ်ရှားရာမှာ တုံ့နှေးလာတာ၊ အစာအာဟာ ရစားသုံးမှုနည်းပါးလာတာ၊ ပါကင်ဆင် အာရုံကြောအားနည်းရောဂါ ခံစားရတာတွေကြောင့် ၂၀၂၄ ခုနှစ်ကနေစပြီးစင်ကာပူနိုင်ငံဆေးရုံနဲ့ မြန်မာနိုင်ငံ စစ် ဆေးရုံမှာကုသမှုခံယူခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနောက် ဆေးရုံကဆင်းလာပြီး နေ အိမ်မှာပဲဆေးခွင့်နဲ့ကျန်းမာရေးစစ်ဆေးကုသတာ‌တွေဆောင်ရွက်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သူဟာ ၂၀၂၅ ခုနှစ် ဇူလိုင်လကနေစပြီးကိုယ်အလေးချိန်လျော့ကျခြင်း၊ အစာကောင်းစွာ မစားနိုင်တာ၊ အဖျားတက်တာ၊ ဦးနှောက်နိုးကြားမှု လျော့နည်းတာတွေကြောင့် ဇူလိုင်လ ၂၄ ရက်နေ့မှာ အမှတ် ၂ စစ်ဆေးရုံမှာ ထပ်မံ ဆေးကုသမှု ခံယူခဲ့ရတယ်လို့ဆိုပါတယ်။

လတ်တလောအခြေအနေအရဦးမြင့်ဆွေဟာ အထူးစိုးရိမ်ဖွယ်ရာဖြစ်နေပြီးအထူးကြပ်မတ်ကုသဆောင်မှာကုသမှုခံယူနေရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-MOI

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး