Homeပြည်တွင်းသတင်းယာယီသမ္မတ မင်းအောင်လှိုင်က နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဖွဲ့စည်း၊ ကော်မရှင်ဥက္ကဌ အဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တာဝန်ယူ

ယာယီသမ္မတ မင်းအောင်လှိုင်က နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဖွဲ့စည်း၊ ကော်မရှင်ဥက္ကဌ အဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တာဝန်ယူ

၃၁ ဇူလိုင် ၂၀၂၅

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကနေ ဇူလိုင်လ ၃၁ ရက်စွဲ အမိန့်အမှတ်(၄/၂၀၂၅)နဲ့နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကောင်မရှင်ကို ယာယီသမ္မတမင်းအောင်လှိုင် အမိန့်နဲ့ ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီ ကော်မရှင်မှာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဥက္ကဌ၊ ဒုစစ်ခေါင်းဆောင် စိုးဝင်းက ဒု-ဥက္ကဌနေရာတွေယူထားပြီး အဖွဲ့ဝင် ၁၀ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖွဲ့စည်း ပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတွေကို ကျင့်သုံးနေစဉ်ကာလအတွင်း နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံ ရေးနဲ့အေးချမ်းသာယာရေး၊ ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲ အောင် မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်တဲ့လမ်းညွှန်မှုတွေလုပ်ဖို့ ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီနေ့မှာဘဲ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ကာလုံံအစည်းအဝေးခေါ်ပြီးနောက်မှာ နိုင်ငံတော်အာဏာလွှဲအပ်ဆောင်ရွက်စေခဲ့တဲ့အမိန့်ကို ပယ်ဖျက်ခဲ့ပြီး သူကိုယ်သူ ယာယီသမ္မတအနေနဲ့ ဆောင် ရွက်သွားမယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး