Homeပြည်တွင်းသတင်းယာယီသမ္မတလွှဲအပ်ကြောင်းကြေညာချက်နဲ့ သမ္မတ၊ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဦးစီးချုပ် ရာထူး သုံးခုလုံး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရယူ

ယာယီသမ္မတလွှဲအပ်ကြောင်းကြေညာချက်နဲ့ သမ္မတ၊ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဦးစီးချုပ် ရာထူး သုံးခုလုံး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရယူ

၂၂ ဇူလိုင်၊ ၂၀၂၄

ယာယီသမ္မတ ဦးမြင့်ဆွေမှာ လက်ရှိ ကျန်းမာရေးအခြေအနေအရ ဆေးကုသမှု ခံယူနေရတဲ့အတွက် ယာယီသမ္မတရုံးက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကို စီစဉ်ဆောင်ရွက်ဖို့ရာ ယာယီသမ္မတတာဝန်ဝတ္တရားတွေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ လွှဲအပ်လိုက်တယ်လို့ ဇူလိုင်လ ၂၂ ရက် ညပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။။

မကြာသေးမီက စစ်ကောင်စီဟာ ဦးမြင့်ဆွေအနေနဲ့ တိုင်းပြည် တာဝန်တွေကို ထမ်းဆောင်ဖို့ မကျန်းမာ တော့ဘဲ နေ့စဉ်စားသောက်မှုလုပ်ငန်းဆောင်တာတွေကိုတောင် လုပ်ဆောင်နိုင်ခြင်းမရှိတော့ဘူးလို့ တရားဝင် ကြေညာချက်ထုတ်ခဲ့ပါတယ်။

စစ်ခေါင်းဆောင်အနေနဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လကုန်မှာ ၆ လတစ်ကြိမ် အာဏာသက်တမ်းတိုးမှု ပြည့်သွားတဲ့အတွက် ယာယီသမ္မတလို့ သူတို့ သတ်မှတ်ထားတဲ့ ဦးမြင့်ဆွေကို ဆေးကုသမှုခံ ယူနေရတဲ့အကြောင်းပြချက်နဲ့ သမ္မတရာထူး ရယူလိုက်တာ ဖြစ်ပါတယ်။

ဒီကြေညာချက်ထွက်ပေါ်လာတဲ့အတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သမ္မတရာထူး၊ နိုင်ငံတော်ဝန် ကြီးချုပ်ရာထူးနဲ့ ကာကွယ်ရေးဦးစီးချုပ်ရာထူးကို တစ်ဦးတည်းရထားသူဖြစ်လာပါတယ်။

ဆက်စပ် သတင်းများ

Most read