Homeပြည်တွင်းသတင်းယာဉ်တွေရဲ့ ဖောင်းကြွနံပါတ် ဈေးနှုန်းတွေ လေးဆကျော်တိုး​မြှင့် သတ်မှတ်လာ

ယာဉ်တွေရဲ့ ဖောင်းကြွနံပါတ် ဈေးနှုန်းတွေ လေးဆကျော်တိုး​မြှင့် သတ်မှတ်လာ

ဇန်နဝါရီ ၂၀၂၆

စစ်အုပ်စုလက်ထက် ကုန်ဈေးနှုန်းတွေမြင့်တက်နေချိန်မှာ ယာဉ်တွေရဲ့ ဖောင်း ကြွနံပါတ်ပြား ဈေးနှုန်းတွေကိုပါ လေးဆကျော်တိုး​မြှင့် သတ်မှတ်လာပါတယ်။

ယာဉ်ဖောင်းကြွနံပါတ်ပြားဈေးနှုန်းတွေကို ဇန်နဝါရီ ၁ ရက်ကစပြီး စစ်အုပ်စုလက်အောက်ခံ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကညန)ကနေ သတ်မှတ်ခိုက်တာဖြစ်ပါတယ်။

အရင်က ဖောင်းကြွနံပါတ်ပြား တစ်ခုကို ကျပ် ၉,၀၀၀ ကနေ အခု ကျပ် ၄၀,၀၀၀ အထိ မြင့်တက်သွားတယ်လို့ လိုင်စင်အ ကျိုးဆောင်လုပ်ကိုင်သူတွေဆီက သိရပါတယ်။

“တော်ရုံဘဲကောင်းတယ်ဗျာ။ အခုဟာ ရုပ်ပေါက်လွန်းတယ်။ ယာဉ်နံပါတ်ပြားအတွက်ကို ဆိုင်ကယ်ကအစ ဈေးမြင့်လိုက်တာ။”လို့ ဆိုပါတယ်။

ဖောင်းကြွနံပါတ်ပြားဈေးနှုန်းတွေအရမော်တော်ယာဉ်တွေနဲ့ ထော်လာဂျီ ကျပ် ၄၀,၀၀၀၊ ဆိုင်ကယ် ကျပ် ၇,၀၀၀၊ သုံးဘီးတပ်ယာဥ် ကျပ် ၁၀,၀၀၀၊ နောက်တွဲယာဥ် ကျပ် ၂၀,၀၀၀ စတဲ့နှုန်းထားအသစ်တွေနဲ့ ကောက်ခံသွားမယ်လို့ ကညနက ထုတ်ပြန်ထားတာပါ။

ထုတ်ပြန်ချက်မှာတော့ လက်ရှိငွေကြေးဈေးကွက်နဲ့လျော်ညီမှုရှိစေဖို့အတွက် ကောက်ခံတာဖြစ်တယ်လို့ဆိုထားပါ‌ သေးတယ်။

အလားတူ စည်ပင်သာယာဘီးခွန်တွေလည်း လာမယ့် မတ်လမှာ တိုးမြှင့်ဖို့ပြင် ဆင်နေကြောင်း လိုင်စင်အကျိုးဆောင် လုပ်ကိုင်သူတွေက ပြောပါတယ်။

ယာဥ်အသုံးပြုသူတွေဟာ လိုင်စင်အပါ အဝင် အထောက်အထားအပြည့်အစုံပါအောင်ပြင်ဆင်ထားတဲ့ကြားကနေ စစ်အုပ်စု လက်အောက်ခံ စစ်သားတွေ၊ ပျူစောထီးတွေ၊ ရဲတွေနဲ့ ယာဥ်ထိန်းရဲတွေက ယာဥ်စစ်ဆေးကာ အကြောင်းအမျိုးမျိုးပြပြီး ခြိမ်းခြောက်ငွေညှစ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။

ဓာတ်ပုံ-CJ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး