Homeနိုင်ငံတကာသတင်းယာဂီ တိုင်ဖွန်း မုန်တိုင်းကြောင့် ဗီယက်နမ်မှာ အနည်းဆုံးလူ ၆၅ ယောက်သေဆုံးပြီး ၄၀ ကျော်ပျောက်ဆုံးနေ

ယာဂီ တိုင်ဖွန်း မုန်တိုင်းကြောင့် ဗီယက်နမ်မှာ အနည်းဆုံးလူ ၆၅ ယောက်သေဆုံးပြီး ၄၀ ကျော်ပျောက်ဆုံးနေ

ဟနွိုင်း၊ စက်တင်ဘာ၊ ၁၀

ဗီယက်နမ်မြောက်ပိုင်းကို တိုင်ဖွန်း ယာဂီ ဝင်တိုက်ခတ်ခဲ့လို့ အနည်းဆုံး လူပေါင်း ၆၅ ယောက် သေဆုံးပြီး လူ၄၀ကျော် ပျောက်‌နေတယ်လို့ တာဝန်ရှိသူတွေက စက်တင်ဘာ ၁၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

မြောက်ပိုင်းခရိုင် ဖူထိုမှာလည်း နှစ် ၃၀ သက်တမ်းရှိတဲ့ တံတားတစ်စင်း စက်တင်ဘာ ၉ရက် တနင်္လာနေ့က ပြိုကျခဲ့ပြီး လူရှစ်ယောက်ပျောက်ဆုံးခဲ့ပါတယ်။

ဒီနေ့ စက်တင်ဘာ၁၀ရက်မှာတော့ ပြင်းထန်တဲ့ ရေကြီးရေလျှံနေတဲ့ကြားက ထောင်နဲ့ချီတဲ့ လူတွေကို အရေးပေါ် ကယ်ဆယ်ရေး လုပ်သားတွေက ကယ်ဆယ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

ဗီယက်နမ်မြောက်ပိုင်းကို နှစ်၃၀ အတွင်း အင်အားအပြင်းဆုံး ဝင်တိုက်ခဲ့တဲ့ တိုင်ဖွန်း ယာဂီဟာ စက်တင်ဘာ ၇ရက် စနေနေ့က ကုန်းတွင်းပိုင်းကို လေတိုက်နှုန်း ၁၄၉ ကီလိုမီတာနဲ့ ဝင်တိုက်ခတ်ပြီးနောက် တံတားတွေ ကျိုးကျကာ အဆောက်အဦနဲ စက်ရုံတွေ အတော်များများ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

နိုင်ငံမြောက်ဘက်မှာတော့ အခုအခါ ပြင်းထန်တဲ့ ရေလွှမ်းမိုးမှုကို ရင်ဆိုင်နေရပြီး လူနေရပ်ကွက်၊ကျေးရွာတွေ က ရေထဲမြုပ်လုနီးနီး ဖြစ်နေတယ်လို့ သိရပါတယ်။

Ref: CNA

ဆက်စပ် သတင်းများ

Most read