ဒီကနေ့ ဇန်နဝါရီ ၁၂ ရက်နေ့မှာ သဟေ့ဂ်မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ တ ရားရုံး (ICJ) မှာ ဂမ်ဘီယာက မြန်မာကို ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုပြီး စွပ်စွဲထားတဲ့ အ မှုကိစ္စအတွက် လူသိရှင်ကြား ကြားနာပွဲတွေပြုလုပ်မှာ ဖြစ်ပါတယ်။
နှစ်ပတ်ကြာပြုလုပ်မယ့် ဒီကြားနာပွဲတွေကို ဂမ်ဘီယာနဲ့ မြန်မာ နှစ်ဖက် ကိုယ် စားလှယ်တွေဟာ ဥပဒေကြောင်းဆိုင်ရာ နှုတ်နဲ့ လျှောက်ထားချေပတာပြုလုပ်ကြမှာ ဖြစ်သလို၊ သက်သေတွေ၊ နှစ်ဖက်တင်သွင်းတဲ့ ကျွမ်းကျင်သူ ပညာရှင်တွေကို မေးမြန်းတာတွေပါ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ပထမကြားနာမှုအဖြစ် ဇန်နဝါရီ ၁၂ရက်ကနေ ၁၅ရက်အထိ ဂမ်ဘီယာဘက်က လျှောက်လဲရမှာဖြစ်ပြီး ဇန်နဝါရီ ၁၆ရက် ကနေ ၂၀ရက် အထိ မြန်မာဘက်က လျှောက်လဲရမှာဖြစ်ပါတယ်။
ထို့အတူဘဲ ဇန်နဝါရီ ၂၁ရက် ကနေ ၂၃ရက်နေ့အထိ သက်သေတွေကို တံခါးပိတ် စစ်ဆေးဖို့ရှိတယ်လို့သိရပြီး ဒုတိယကြားနာမှုကို ဇန်နဝါရီ ၂၆ရက် နဲ့ ၂၇ရက်မှာ ဂမ်ဘီယာက လျှောက်လဲပြီး မြန်မာက ဇန်နဝါရီ ၂၈ရက် နဲ့ ၂၈ရက်နေ့မှာ အသီးသီးလျှောက်လဲရမှာ ဖြစ်တယ်တယ်လို့ သိရပါတယ်။
၂၀၁၉ ခုနှစ်မှာ မြန်မာအပေါ် အာဖရိက တိုက် နိုင်ငံငယ်လေးတစ်ခုဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတရားရုံး ICJ မှာ အကြီးလေးဆုံးပြစ်မှုတစ်ခုဖြစ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှု (Genocide)
စွပ်စွဲချက်နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။


