၂၈ ဇွန် ၂၀၂၅
ရန်ကုန်တိုင်း မှော်ဘီမြို့နယ်အတွင်းက မှော်ဘီမြို့မရဲစခန်းကို အဝေးထိန်း မိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ တာကြောင့် ထိခိုက်မှုတွေရှိနိုင်တယ်လို့ ရန်ကုန် UG အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Yangon Army YA အဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို မနေ့က ဇွန် ၂၇ ရက်ည ၁၀ နာရီ ၂၅ မိနစ်မှာ အဝေးထိန်းမိုင်း ၂ လုံး မှာ လက်ပစ်ဗုံးကပ်ပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက် အောက်ခံ ရဲတပ်ဖွဲ့ရှိတဲ့နေရာကိုတိကျစွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း ပူးပေါင်းလုပ် ဆောင်ခဲ့တဲ့ Yangon Army YA နဲ့ အနောက်ပိုင်းခရိုင် ပကဖ တို့ဟာ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ပြီး၊ ပြည်သူတွေအနေနဲ့ စစ်ကောင်စီ တပ်စခန်း၊ ရဲစခန်း၊ တပ်ဖွဲ့ ဝင်တွေအနီး နေထိုင်သွားလာတာမျိုး မလုပ်ကြဖို့ နှိုးဆော်ထားပါတယ်။
ဓာတ်ပုံ – Cj


