ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ထဲက ပြည်သူ့ရှေ့ဆောင် (PPP)ပါတီရုံးမှာ အရက်သောက်နေတဲ့ ရုံးစောင့်ပျူစောထီးတွေကို ဒီဇင်ဘာ ၂၅ ရက် ည ၁၁နာရီခန့်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army ကထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ခိုက်မှုကို Yangon Armyနဲ့ အနောက်ပိုင်းခရိုင် ပကဖ တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အနောက်ပိုင်းခရိုင် ပကဖ ကလည်း “တရားမဝင်ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်နေသော…PPP” လို့ရေးသားပြီး ထုတ်ပြန်ထားပါတယ်။
ဒါအပြင် Yangon Army နဲ့ အနောက်ပိုင်းခရိုင် ပကဖ က စစ်ကောင်စီရဲ့ ရွေး ကောက်ပွဲနဲ့ ပတ်သတ်ပြီးပါဝင်လုပ်ကိုင်နေသူတွေကို အပြင်းအထန်တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ချက်မှာသတိပေးထားပါတယ်။
PPP ပါတီဟာ စစ်ကော်မရှင်ရဲ့ ကြံ့ဖွံ့ပါတီပြီးရင် ငွေကြေးသုံးစွဲမှုအများဆုံးပါတီဖြစ်ပြီး ပါတီရုံး လုံခြုံရေး ၊ မဲဆွယ်ပွဲလုံခြုံရေးအတွက် ရဲတပ်ဖွဲ့တွေ ပျူစောထီးတွေကို ငွေကြေးနဲ့ ငှားရမ်းမှုတွေပြု လုပ်တယ်လို့ Yangon Army အဖွဲ့က ဆိုထားပါတယ်။
ပုံစာ- မှော်ဘီမြို့နယ်က ပြည်သူ့ရှေ့ဆောင် (PPP)ပါတီရုံး
ဓာတ်ပုံ – CJ


