ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ပြည်လမ်း
မပေါ်မှာ မနေ့က အောက်တိုဘာ ၁၃ ရက် ည ၁၀ နာရီ ၁၉ မိနစ်အချိန်ခန့်က ၁၂ ဘီးကားတစ်စီး အရှိန် လွန်မောင်းနှင်ရာကနေ တိမ်းမှောက်ပြီး ၁ ဦးသေဆုံးကာ ၅ ဦး ဒဏ် ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ကားပေါ်မှာပါတဲ့ အမျိုးသား ၆ ဦးထဲက
သေဆုံးခဲတဲ့ သူဟာကားအောက်ပိသေ ဆုံးခဲ့တာဖြစ်ပြီး ကျန် ငါးဦးကတော့ထိခိုက်ပွန်းပဲ့ ဒဏ်ရာတွေသာရရှိခဲ့တာဖြစ်ပါတယ်။
ဖြစ်စဉ်အတွင်း သေ ဆုံးသွားသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို လူမှုကူညီရေးအသင်းယာဉ်တွေနဲ့မှော်ဘီဆေး ရုံကြီးသို့ ကူညီပို့ ဆောင်ပေးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့ဆီကနေသိရပါတယ်။
“လမ်းရှင်းတယ်ဆိုပြီး မောင်းတာဖြစ်မယ်။ အချိန်ကလည်းမိုးချုပ်တော့အရှိန်သူမထိန်းနိုင်ဘဲမှောက်တဲ့သဘောပါ”လို့ ကယ် ဆယ်ရေးအဖွဲ့ဝင်တဦးက New Day Myanmar ကိုပြောပါတယ်။
လွန်ခဲ့တဲ့ အောက်တို ဘာ ၉ ရက်နေ့ကလည်း ရန်ကုန်၊ ထန်းတပင်မြို့နယ်မှာ အထည်ချုပ်ဖယ်ရီကားကို ကုန်တင်ကားကဝင်တိုက်မိတာကြောင့် ဖယ်ရီကားပေါ်ပါ၂၅ ဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသေးတယ်။


