Homeနိုင်ငံတကာသတင်းမွေးရာပါနိုင်ငံသားဖြစ်ခွင့် ပယ်ဖျက်တဲ့ အမေရိကန်သမ္မတအမိန့်ကို ဖက်ဒရယ်တရားသူကြီးတွေဟန့်တား

မွေးရာပါနိုင်ငံသားဖြစ်ခွင့် ပယ်ဖျက်တဲ့ အမေရိကန်သမ္မတအမိန့်ကို ဖက်ဒရယ်တရားသူကြီးတွေဟန့်တား

၁၁ ဖေဖော်ဝါရီ၊ ၂၀၂၅

အမေရိကန်မှာ မွေးဖွားသူမှန်သမျှ နိုင်ငံသားဖြစ်ခွင့်ပေးတဲ့ ဥပဒေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အထူးအမိန့်နဲ့ ပယ်ဖျက်ခဲ့ရာမှာ ဖက်ဒရယ်တရားသူကြီးတွေက ပြန်လည် ဟန့်တားခဲ့ပါတယ်။

ဝါရှင်တန်ပြည်နယ် ဆီယက်တဲလ်တရားရုံး၊ မေရီလန်းတရားရုံးနဲ့ အခုအခါ နယူးဟမ့်ရှိုင်းယားပြည်နယ်တရားရုံးက ဖက်ဒရယ်တရားသူကြီးတွေက ဟန့်တားခဲ့တာ ဖြစ်ပါတယ်။ မွေးရာပါ နိုင်ငံသားဖြစ်ခွင့်မူကို ကျင့်သုံးတဲ့ တိုင်းပြည် ၃၀ ဝန်းကျင်ရှိပြီး ဒီထဲမှာ အမေရိကန်ပြည်ထောင်စုလည်း ပါဝင်ပါတယ်။

နိုင်ငံသား မဟုတ်သူတွေရဲ့ ကလေးတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဥပဒေ စီရင်ပိုင်ခွင့်အတွင်းမှာ မရှိတာကြောင့် နိုင်ငံသားဖြစ်ဖို့ အခွင့်အရေး မရှိဘူးလို့ ထရမ့်အစိုးရက ပြောဆိုထားပါတယ်။ သမ္မတထရမ့်ရဲ့ အမိန့်ဟာ အမေရိကန်ဖွဲ့စည်းပုံရဲ့ အကြီးမားဆုံး တန်ဖိုးထားမှုတွေထဲက တစ်ခုကို ပယ်ဖျက်ဖို့ ကြိုးစားတာဖြစ်တယ်လို့ အမေရိကန်နိုင်ငံသား အခွင့်အရေးနဲ့ လွတ်လပ်ခွင့်အဖွဲ့ (ACLU) က တရားရုံးကို လျှောက်ထား စွဲဆိုခဲ့ကြပါတယ်။

ဆက်စပ် သတင်းများ

Most read