Homeပြည်တွင်းသတင်းမွန်ပြည်နယ်မှာ အင်တာနက်အသုံးပြုဖို့ VPN တွေ ပြုတ်ကျနေတာကြောင့် မဲဆွယ်လုပ်ငန်းတွေ အခက်ကြုံနေတယ်လို့ ဆို

မွန်ပြည်နယ်မှာ အင်တာနက်အသုံးပြုဖို့ VPN တွေ ပြုတ်ကျနေတာကြောင့် မဲဆွယ်လုပ်ငန်းတွေ အခက်ကြုံနေတယ်လို့ ဆို

၁၇ နိုဝင်ဘာ ၂၀၂၅

မွန်ပြည်နယ်မှာ အင်တာနက်အသုံးပြုဖို့ VPN တွေ ပြုတ်ကျနေတာကြောင့် မဲဆွယ်လုပ်ငန်းတွေ အခက်ကြုံနေရတယ်လို့ မဲဆွယ်လုပ်ငန်းတွေစတင်နေတဲ့ ပါတီတခုရဲ့ ပြန်ကြားရေးတာဝန်ခံတဦးက New Day Myanmar ကိုပြောပါတယ်။

ဒါအပြင် မော်လမြိုင်ပြင်ပမြို့နယ်တွေဖြစ်တဲ့ ရေး၊ သံဖြူဇရပ် ၊ မုဒုံ၊ ကျိုက်မရောစတဲ့မြို့နယ်တွေမှာလည်း WiFi ကွန်ရက်အချို့ ပြတ်တောက်နေတာကြောင့် အင်တာနက် Data ကို ဝယ်ယူအ သုံးပြုနေရပေမယ့် VPN တွေ မကြာခဏ ပြုတ်ကျနေတာကြောင့် လိုင်းအသုံးပြုဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။

“မွန်ပြည်နယ်က မဲဆန္ဒနယ်အချို့ လုံခြုံရေးအခြေအနေကြောင့် မြေပြင်မဆင်နိုင်တာတွေရှိတယ်။ အဲ့တော့ လုထုကို အွန်လိုင်းကနေ မဲဆွယ်ကမ်းပိန်းလုပ်နေတာမှာ အင်တာနက်ကြောင့်အဆင်မပြေဖြစ်နေရတယ်။ အခုထပ်ကြားတာက မူပိုင်ခွင့်ဘာတွေတင်ရမယ်လည်း ကြားနေတော့ အဲဒါလည်း တမျိုး စိတ်ညစ်နေရတယ်လို့” သူက ဆိုပါတယ်။

အင်တာနက်အသုံးပြုဖို့ VPN တွေ မကြာခဏ ပြုတ်ကျနေတာ၊ WiFi ကွန်ရက်တွေပြတ်တောက်နေတာတွေဟာ လနဲ့ချီကြာနေပြီဖြစ်ပြီး ရက်အတိအကျကိုတော့ သူအနေနဲ့မမှတ်မိဘူးလို့ဆိုပါတယ်။

လတ်တလော မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်မှာ မြေပြင်မဲဆွယ်စည်းရုံးတာတွေမရှိသေးသလို ကိုယ်စားလောင်း ဆိုင်းဘုတ်တွေ စိုက်ထူထားတာမျိုးလည်း မတွေ့ရှိရပါဘူး။

လွန်ခဲ့တဲ့ နိုဝင်ဘာ ၁၅ရက်မှာ စစ်ခေါင်း ဆောင်မင်းအောင်လှိုင်ဟာ ဘားအံမြို့ခရီးစဥ်ကနေတဆင့် မော်လမြိုင်မြို့ရောက်ရှိလာပြီး ဌာနဆိုင်ရာဝန်ထမ်းတွေ၊ လက်နက်နဲ့ငြိမ်းချမ်းယူထားတဲ့သူ တွေနဲ့တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး