ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်မှာတည်ရှိတဲ့ စစ်ကောင်စီရဲ့ ဘုရင့်နောင်စစ်တပ်စခန်း ကုန်းကို KNLA ပူးပေါင်းတပ်တွေကက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။
ဝေါ်လေဗျူဟာစစ်စခန်းအနီး တောင်ကုန်းမှာ တည်ရှိနေတဲ့ ဘုရင့်နောင်ကုန်းစစ်စခန်းကို KNLA ၊ KNDO ၊PDF ပူးပေါင်းတပ်တွေက ဒီကနေ့ မေလ ၃၀ ရက်နေ့ မနက်ပိုင်းမှာ သိမ်းယူနိုင်ခဲ့တာဖြစ်တယ်လို့ မြေပြင်စစ်ရေး သ တင်းအရင်းမြစ်ထံ သိရပါတယ်။
အဆိုပါ ဘုရင့်နောင်တပ်စခန်းကို KNLA က ဆယ်စုနှစ်ချီ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ဖူးပေမယ့် တစ်ကြိမ်မှ မသိမ်းပိုက်နိုင်ခဲ့ကြောင်းနဲပ ယခု သိမ်းပိုက်ရရှိမှုမှာ ပထမဆုံးအကြိမ် သိမ်းပိုက်ရရှိခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။
ပုံစာ-(ကနဲလေးခန်းမှ သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများ)
ဓာတ်ပုံ – KNDO