စစ်ကော်မရှင်တပ်ဟာ မြောက်ဦးမြို့ အောင်တပ်အုပ်စု ဒိုင်းကျီရပ်ကွက်ကို ဒီနေ့ ဩဂုတ်၂၅ ရက် ည ၁၁ နာရီခွဲအချိန်ခန့်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲလို့ ဒေသခံပြည်သူ ၁၃ ဦးသေဆုံးခဲ့ပြီး ၂၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရခိုင်အခြေစိုက်သတင်းတွေက ဖော်ပြထားတာ တွေ့ရပါတယ်။
စစ်ကော်မရှင်ဟာ ပေါင် ၅၀၀ ဗုံးနဲ့မြောက်ဦးမြို့ ဒိုင်းကျီရပ်ကွက်မှာရှိတဲ့ စိုက်ပျိုးရေး ဂိုထောင်နားကို ကျရောက်ပေါက်ကွဲခဲ့လို့ အနီးအနားမှာနေထိုင်တဲ့ ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လတ်တလော ထိခိုက်သေဆုံးတဲ့စာရင်းတွေဟာ ကနဦးဖော်ပြချက်တွေသာဖြစ်ပြီး New Day Myanmar အနေနဲ့လည်း ဖြစ်စဉ်အသေးစိတ်ကို ဆက်သွယ်နေပြီး ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်လို့မရသေးပါဘူး။
အာရက္ခတပ်တော် (AA)က မြောက်ဦးမြို့ကို သိမ်းပိုက်အပြီး စစ်ကော်မရှင်ဟာ လေကြောင်းကနေ လာရောက်ဗုံးကြဲ တိုက်ခိုက်တာဟာ ၅ ကြိမ်ထက်မနည်းရှိနေပြီး အခုတကြိမ်တိုက်ခိုက်တာဟာ လူအသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာအများဆုံးရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ- Border News Agency


