မြောက်ဦးဆေးရုံကို လေကြောင်းတိုက် ခိုက်ခဲ့တဲ့ စစ်ကော်မရှင်ကို စစ်ရာဇဝတ် မှုကျူးလွန်သူလို့အာဆီယံလွှတ်တော်ကိုယ်စားလှယ်များ လူ့အခွင့်အရေးအဖွဲ့ (APHR)က ကြေညာလိုက်ပါတယ်။
မြောက်ဦးဆေးရုံကို စစ်တပ်ကလေ ကြောင်းကနေ ပေါင်း ၅၀၀ဗုံးနှစ်လုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံတက်နေတဲ့ အရပ်သားအပါအအဝင် ဒေသခံ ၃၀ ထက်မနည်း သေဆုံးခဲ့ရတဲ့အပေါ် စစ်ကော်မရှင်ဘက်က ဒီကျူးလွန်မှုကို တာ ဝန်ခံရမယ်လို့ ထုတ်ပြန်ထားပါတယ်။
အင်ဒိုနီးရှားလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ APHR ရဲ့တာဝန်ရှိသူ မာစီ ခရစ္စတီဘာရိန်းစ် က “မြောက်ဦးဆေးရုံကို တိုက်ခိုက်ခြင်းသည် အကာအကွယ်ပြုရမယ့်၊ အရပ်သားများတွေကို အစု လိုက်အပြုံလိုက်သတ်ဖြတ်ခြင်းဖြစ်ပါတယ်။အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အ ရေးနေ့မှာ အခုလို ရက်စက်ကြမ်းကြုတ်မှုကျူးလွန်ခြင်းသည် စစ်အစိုးရ၏ လူ သားမျိုးနွယ်အပေါ် လုံးဝမထီမဲ့မြင်ပြုခြင်းကို ပြသတာဖြစ်ပါတယ်” လို့ ထုတ်ပြန်ချက်အတွင်းမှာ ထည့်သွင်းပြောကြားထားပါတယ်။
နိုင်ငံတဝှမ်းမှာ နှစ် နှစ်အတွင်း စစ်ကော် မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀၀၀ ကျော် သေဆုံးခဲ့ပြီဖြစ်တယ်လို့ HDCO ကလည်း ထုတ်ပြန်ထားပါတယ်။
အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ မြောက်ဦးပြည်သူ့ဆေးရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်အတွက် တရားမျှတမှုရရှိဖို့ လိုအပ်သလို တုံ့ပြန်ဆောင် ရွက်သွားမယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဆိုထားပါတယ်။
ဓာတ်ပုံ-ဝေဟင်အောင်


