Homeပြည်တွင်းသတင်းမြောက်ဦးဆေးရုံကို ဗုံးကြဲပြီးနောက်မှာ စစ်တပ်ရဲ့ထုတ်ပြန်ချက်ဟာ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးဖို့ကြိုးစားတာဖြစ်တယ်လို့ AA ပြောခွင့်ရ ဆို

မြောက်ဦးဆေးရုံကို ဗုံးကြဲပြီးနောက်မှာ စစ်တပ်ရဲ့ထုတ်ပြန်ချက်ဟာ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးဖို့ကြိုးစားတာဖြစ်တယ်လို့ AA ပြောခွင့်ရ ဆို

၁၃ ဒီဇင်ဘာ ၂၀၂၅

ရခိုင်ပြည်နယ်ထဲက မြောက်ဦးပြည်သူ့

ဆေးရုံကို ဗုံးကြဲပြီးနောက်မှာ စစ်တပ်ရဲ့ထုတ်ပြန်ချက်ဟာ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးဖို့ကြိုးစားတာဖြစ်တယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက တုံ့ ပြန်ပြောဆိုထားပါတယ်။

မြောက်ဦးဗုံးကြဲဖြစ်စဉ်အတွက် ဒီကနေ့ ဒီဇင်ဘာ (၁၃)ရက်မှာ ထုတ်တဲ့စစ်ကော် မရှင်ရဲ့ သတင်းထုတ်ပြန်ချက်အပေါ် အခုလို တုံ့ပြန်ပြောဆိုလိုက်တာဘဲဖြစ်ပါတယ်။

“ပြည်သူ့ချဉ်ဖတ် မုသာဝါဒီအကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီရဲ့ ဒီထုတ်ပြန်ချက်ဟာ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးဖို့ကြိုးစားတာဖြစ်ပါတယ်။စစ်ဖက်မဟုတ်တဲ့ အများပြည်သူကို ကျန်းမာရေး စောင့် ရှောက်မှုပေးနေတဲ့ မြောက်ဦးပြည်သူ့ဆေးရုံကိုအကြမ်းဖက်တိုက်ခိုက်မှုဟာ မြန်မာ့သမိုင်းမှာရော ကမ္ဘာ့သမိုင်းမှာပါ အလွန်ဆိုးရွားအောက်တန်းကျသူရဲ ဘောကြောင်တဲ့ စစ်ရာဇဝတ်မှုဖြစ်ပါတယ်။ ဒါကို မြန်မာပြည်သူတရပ်လုံးနှင့် တကမ္ဘာလုံးက သိတဲ့ကိစ္စဖြစ်ပါတယ်။ ဒီအကြမ်း ဖက်စစ်ရာဇဝတ်မှုအတွက် မင်းအောင် လှိုင်နှင့်စစ်အုပ်စုဟာတာဝန်ယူမှု၊တာဝန် ခံမှု ရှိရမှာဖြစ်ပါတယ်” လို့ ဆိုထားတာပါ။

စစ်ကော်မရှင်ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်ထဲမှာတော့ မြောက်ဦးပြည်သူ့ဆေးရုံကြီးကို AA နဲ့ ဒေသခံ PDF ၊ BPLA ၊ အရှိုချင်းစတဲ့တော်လှန်ရေးအဖွဲ့အစည်းတွေက ဆေးရုံအဖြစ် အသွင်ပြောင်းပြီး စစ်စခန်းအဖြစ် အသုံးပြုနေတယ်လို့ ဖြစ်ရပ်မှန်နဲ့ ကွဲလွဲပြီး ဖော်ပြထားပါတယ်။

စစ်ကော်မရှင်ဟာ ဒီဇင်ဘာ ၁၂ရက်ကစလို့ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရသေုတောင်မြို့နယ်တွေထဲကို လေကြောင်းတိုက်ခိုက်ရာမှာဖျက်အားပြင်း ကလပ်စတာ(Cluster) ဗုံးတွေကို သုံးနေပြီး ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေလည်း လုပ်နေတယ်လို့ အေအေက ပြောပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး