Homeပြည်တွင်းသတင်းမြို့ပေါင်း ၉၀ ထက်မနည်း စစ်ကောင်စီလက်အောက်က လွတ်မြောက်ပြီဖြစ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလ ပြောဆို

မြို့ပေါင်း ၉၀ ထက်မနည်း စစ်ကောင်စီလက်အောက်က လွတ်မြောက်ပြီဖြစ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလ ပြောဆို

၂၅ ဒီဇင်ဘာ၊ ၂၀၂၄

မြန်မာနိုင်ငံတဝန်းက မြို့ပေါင်း ၉၀ ထက်မနည်းဟာ စစ်ကောင်စီလက်အောက်က လွတ်မြောက်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ၂၀၂၄ ခရစ္စမတ်နေ့ ဆုတောင်းစကားကို ရုပ်သံကတဆင့် ပြောဆိုပါတယ်။

ရှုံးတာနဲ့အမျှ အကြမ်းဖက်တဲ့ စစ်တပ်ကြောင့် ကလေးသူငယ်တွေနဲ့ မိခင်တွေဟာ မလုံခြုံမှု၊ စိုးထိတ်ကြောက်လန့်မှုတွေနဲ့ နေရပ်တွေကို စွန့်ခွါပြီး ခရစ္စမတ်အချိန်ကာလကို ဖြတ်သန်းနေရကြောင်းနဲ့ ချစ်မြတ်နိုးရတဲ့ ပြည်သူလူထုအပေါင်း ကြုံတွေ့နေရတဲ့ ဘေးဒုက္ခတွေအပေါ် အင်မတန်မှ စိတ်ထိခိုက်ရပါကြောင်းလည်း ယာယီသမ္မတက ဆိုပါတယ်။

တော်လှန်ရေးကာလ ၄ နှစ်တာနီးပါး ကြာမြင့်လာတဲ့ တော်လှန်ရေးခရီးတလျှောက်လုံးမှာ ကြုံတွေ့လာရတဲ့ အခက်အခဲ အကျပ်အတည်းတွေကို လူထုက ကြံ့ကြံ့ခံပြီး တော်လှန်ရေးအပေါ် အားပေးထောက်ခံမှု၊ တော်လှန်ရေး ရဲဘော်ရဲဘက်များ၊ မဟာမိတ်အင်အားစုများရဲ့ မလျှော့တမ်း တစိုက်မတ်မတ် အားထုတ် ကြိုးပမ်းမှုတွေကို အားတက်ဖွယ်ရာမြင်တွေ့ရတယ်လို့ ထည့်သွင်းပြောဆိုပါတယ်။

ဒါ့အပြင် ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီရဲ့ ရှုံးနိမ့်မှု၊ ပြိုလဲမှုတွေဟာ ကြီးကြီးမားမား ဖြစ်ပေါ်လာခဲ့ကြောင်း ဒီတကြိမ်မှာ အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းရမယ်ဆိုတဲ့ တော်လှန်ရေးယုံကြည်ချက်နဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် စစ်တိုင်းဌာနချုပ်နှစ်ခု တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်မှုကိုလည်း ယာယီသမ္မတက ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။

ဓာတ်ပုံ – ScreenCapture From NUG

ဆက်စပ် သတင်းများ

Most read