Homeပြည်တွင်းသတင်းမြို့တော်ခန်းမရှေ့မှာ တကိုယ်တော်ဆန္ဒပြသည့် လူငယ်တဦးဖမ်းဆီးခံရ

မြို့တော်ခန်းမရှေ့မှာ တကိုယ်တော်ဆန္ဒပြသည့် လူငယ်တဦးဖမ်းဆီးခံရ

၁၂ ဇန်နဝါရီ ၂၀၂၅

ရန်ကုန်မြို့ မြို့တော်ခန်းမအရှေ့မှာ တကိုယ်တော်ဆန္ဒပြသည့် လူငယ်ဦးဖမ်းဆီးခံခဲ့ရတယ်လို့ ဒီနေ့ ဇန်နဝါရီ ၁၂ ရက်နေ့မှာ ရန်ကုန်စောင့်ကြည့်အဖွဲ့ဆီကနေ သိရပါတယ်။

အဆိုပါ လူငယ်ဟာ ‘Reject the Illegal election’ စာတန်းကိုင်ဆောင်ပြီး မနေ့က ရွေးကောက်ပွဲအပိုင်း၂ ပြုလုပ်နေချိန် မနက် ၉ နာရီမှာ ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့လူငယ်ဟာ အသက် ၂၁ နှစ်အရွယ် ကိုမင်းထက်ဆိုသူဖြစ်ပြီး တာမွေမြို့နယ် နတ်မောက်ရပ်ကွက်မှာနေထိုင်သူတဦးဖြစ်တယ်လို့ ကနဦး သိရပါတယ်။

သူဆန္ဒပြတဲ့အချိန်ဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရန်ကုန်က မြို့နယ်အချို့က ရွေးကောက်ပွဲကျင်းပတဲ့ မဲရုံအချို့ကို သွားရောက်ကြည့်ရှုချိန်ဖြစ်ပြီး လုံခြုံရေးတင်းကြပ်ထားတဲ့ကြားက ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး