Homeပြည်တွင်းသတင်းမြိုင်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းက ပြည်သူ့ပစ္စည်းခိုးယူ

မြိုင်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းက ပြည်သူ့ပစ္စည်းခိုးယူ

၉ ဇန်နဝါရီ၊ ၂၀၂၅

မြိုင်မြို့နယ်၊ အရှေ့တောင်ပိုင်း ကျောက်ဆောက်ရွာကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ရိက္ခာကားတန်းဟာ အနီးတဝိုက်ရွာတွေကို လူစုခွဲဝင်ရောက်ပြီး ပြည်သူတွေဆီက ပစ္စည်းတွေ ခိုးယူနေကြောင်း We Love Myaing က ရေးသားဖော်ပြပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဇန်နဝါရီလ ၈ ရက်မှာ စစ်ကြောင်းတွေ ခွဲထွက်ပြီး မကျီးချိုရွာ၊ ရေရင်ရွာ၊ ရွာသစ်ရွာ ၊ ပိုက်သင်ရွာ ၊ စဘေရွာတို့ကို ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူသယ်ဆောင်ပြီး စဘေရွာအနီးတဝိုက်မှာ ညအိပ်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၉ ရက်မနက်ပိုင်းမှာ စဘေရွာကထွက်ခွာပြီး ထန်းငယ်တောရွာနဲ့ စီလောင်ရွာကို ဝင်ရောက်ကာပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူပြီး မြိုင်မြို့အရှေ့တောင်ဘက်က ဒေါင်အိုရွာကို စစ်ကြောင်းရောက်ရှိနေပြီလို့ သိရပါတယ်။

မြိုင်မြို့ထဲက စစ်ကောင်စီတပ်တွေဥလည်း ဇန်နဝါရီ ၈ ရက် နေ့လည်ပိုင်းမှာ မြိုင် အရှေ့ဘက်က ထန်းဖူးတောရွာကို ရောက်ရှိပြီး ပြည်သူတွေပိုင်ဆိုင်တဲ့ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာ၊ TV စတဲ့ တန်ဖိုးကြီးအသုံးအဆောင်တွေနဲ့ စားနပ်ရိက္ခာတွေကို ခိုးယူပြီး စစ်ကြောင်းတစ်လျှောက်ရွာတွေက လူနေအိမ် ၄ လုံးကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

စဘေရွာမြောက်ဘက်မှာ စစ်ကောင်စီရဲ့ ရိက္ခာကားတန်းမှာ ပါတဲ့ ယာဉ်နံပါတ် ( I / 2866 ) ဆိုတဲ့ ၆ ဘီးကားတစ်စီးကိုမီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – We Love Myaing

ဆက်စပ် သတင်းများ

Most read