Homeပြည်တွင်းသတင်းမြဝတီမြို့မှာ သောင်ရင်းမြစ်ရေ မြင့်တက်လာတာကြောင့်ရေကြီးရေလျှံဖြစ်ပေါ်နေ

မြဝတီမြို့မှာ သောင်ရင်းမြစ်ရေ မြင့်တက်လာတာကြောင့်ရေကြီးရေလျှံဖြစ်ပေါ်နေ

၂၄ ဇူလိုင် ၂၀၂၅

မြဝတီမြို့မှာ သောင်ရင်းမြစ်ရေ မြင့်တက်လာတာကြောင့် ဒီကနေ့ ဇူလိုင်၂၄ နံနက်ပိုင်းမှာ ရေကြီရေလျှံဖြစ်ပေါ်နေတယ်လို့ မ်ြု့ခံတွေဆီကနေသိရပါတယ်။

အဲဒီရေကြီးရေလျှံမှုဟာ မနေ့ က ညဦးပိုင်းအချိန်ကစပြီး ဖြစ်ပွားခဲ့တာကြောင့် သောင်ရင်းမြစ်ကမ်းအနီးမှာနေထိုင်သူတွေ ၊ အနိမ့်ပိူင်းမှာနေထိုင်သူတွေ နီးစပ်ရာ ကယ်ဆယ်ရေးစခန်းတွေဆီကို ရွှေ့ ပြောင်းထားရ်လိူ့ သိရပါတယ်။

လက်ရှိ မြဝတီမြို့ရဲ့ ရေကြီးရေလျှံဖြစ်ပွားနေတာဟာ မြို့တွင်း ညဈေးတန်းတစ်လျှောက် နဲ့ ပတ်ဝန်းကျင်နေရာတွေကိုရေဝင်ရောက်နေတာဖြစ်၊ လူတစ်ယောက်ရဲ့ ဒူးဆစ်အောက်ပိုင်းအထိ နစ်မြှပ်နေတာဖြစ်တယ်လို့ ဒေသခံတစ်ဉီးကပြောပါတယ်။

“မိုးရွာတဲ့အခြေအနေကိုစောင့်ကြည့်နေပါတယ်။ ဘုရင့်နောင်ဈေးလိုကုန်းမြင့်ပိုင်းတွေကိုတော့ရေမရောက်သေးပါဘူး။ မြို့ရဲ့အနိမ့်ပိုင်းတွေတော့ ရေ ဝင်နေပါပြီ”လို့ သူကဆိုပါတယ်။

မနေ့က ည ၁၂ အချိန်မှာ မြဝတီမြို့သောင်ရင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် (၁၂၀၃)စင်တီမီတာရှိခဲ့ပြီး သတ်မှတ်စိုးရိမ်ရေမှတ်(၉၆၃)စင်တီမီတာထက် ကျော်လွန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အခုနှစ်ရေကြီးရေလျှံတာနဲ့ပတ်သက်လို့ အရင်နှစ်တွေနည်းတူ ဒေသတွင်းကယ် ဆယ်ရေးသမားများ မိမိအစီအစဉ်နဲ့ ကူညီလို့မရဘဲ စစ်ကောင်စီခန့် မြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီကို သ တင်းပို့ရမှာဖြစ်ပြီး၊အစားအသောက် လှူဒါန်းလိုသူများအနေနဲ့လည်း သက် ဆိုင်ရာ စုရပ်ကိုသာ လာရောက်အပ်နှံကြဖို့ မှာကြားထားတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ- ဘီဝမ်း

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး