Homeပြည်တွင်းသတင်းမြဝတီမြို့ကြံ့ခိုင်ရေးပါတီရုံးအနီး ဒရုန်းဗုံးကျရောက်ပေါက်ကွဲ ၊ ရတနာထွန်းရွှေဆိုင်အပါအဝင် နေအိမ်ဆယ်လုံးကျော်ပျက်စီး

မြဝတီမြို့ကြံ့ခိုင်ရေးပါတီရုံးအနီး ဒရုန်းဗုံးကျရောက်ပေါက်ကွဲ ၊ ရတနာထွန်းရွှေဆိုင်အပါအဝင် နေအိမ်ဆယ်လုံးကျော်ပျက်စီး

၂၈ ဒီဇင်ဘာ ၂၀၂၅

ကရင်ပြည်နယ်၊ မြဝတီမြို့အမှတ် (၄) ရပ်ကွက်၊ အာရှလမ်းမ‌ကြီးပေါ်မှာရှိတဲ့ကြံ့ခိုင်ရေးပါတီရုံးအနီး မနေ့က ဒီဇင်ဘာ ၂၇ရက် ည ၈ နာရီ ၄၅ မိနစ်အချိန်ခန့်မှာဒရုန်းဗုံး ကျရောက်ပေါက်ကွဲခဲ့ပြီး၊ အဲဒီဖြစ်စဉ်ကြောင့် အနီးပါတ်ဝန်းကျင်မှာရှိတဲ့ ရတနာထွန်းရွှေဆိုင်အပါအဝင် နေအိမ်ဆယ်လုံးကျော်ပျက်စီးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက‌နေ သိရပါတယ်။

“ဗုံးက တော်တော်ပြင်းတယ်ဗျ။လူတယောက်သေတယ်ကြားပါတယ်။ ပျက်စီးမှုကတော့ များတယ်။ အခု ရှင်းနေတုန်း” လို့ မြို့ခံတစ်ဦးက New Day Myanmar ကိုပြောပါတယ်။

ဒါ့အပြင် ကုန်းမြင့်သာယာဈေးနဲ့ ရပ်တော်မူကျောင်းရှေ့က မဲရုံပြုလုပ်မယ့် ဆရာစံပုအလယ်တန်းကျောင်းအနီးမှာလည်း ည ၉ နာရီ ၁၉ မိနစ်အချိန်မှာဒရုန်းဗုံးတစ်လုံး ထပ်မံကျရောက်ပေါက်ကွဲခဲ့တယ်လို့ဆိုပါတယ်။

အဲ့ဒီဖြစ်စဉ်အတွင်း ကြံ့ခိုင်ရေးရုံးအနီး ရပ်ထားတဲ့ကားအချို့နဲ့ လူနေအိမ်အချို့ ဗုံးစများထိမှန်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက ပြုလုပ်တာကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါ။

ဓာတ်ပုံ-လူမှုကွန်ရက်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး