Homeပြည်တွင်းသတင်းမြဝတီက ပြန်ပေးဆွဲမှု ကျူးလွန်သူတွေစီကနေ DKBA ဗဟိုကုန်သွယ်ရေးဌာနကတ်ပြားတွေ တွေ့ပေမယ့် DKBA တပ်ဖွဲ့ဝင်တွေမဟုတ်ဘူးပြော

မြဝတီက ပြန်ပေးဆွဲမှု ကျူးလွန်သူတွေစီကနေ DKBA ဗဟိုကုန်သွယ်ရေးဌာနကတ်ပြားတွေ တွေ့ပေမယ့် DKBA တပ်ဖွဲ့ဝင်တွေမဟုတ်ဘူးပြော

၂၁ ဇူလိုင်၂၀၂၅

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ ဖြစ် ပွားခဲ့တဲ့ ပြန်ပေးဆွဲတဲ့ကိစ္စမှာ ကျူလွန်ခဲ့တဲ့သူတွေဟာဒီမိုကရေစီအကျိုးပြကရင်တပ်မတော် (DKBA) ရဲ့တပ်ဖွဲ့ဝင်တွေမဟုတ်ဘူးလို့ မနေ့က ဇူလိုင်၂၀ ရက်မှာပြု လုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ DKBA ရဲ့တာဝန်ရှိသူတွေက ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဲဒီ လူပြန်ပေးဆွဲမှု ကျူးလွန်တဲ့သူတွေကို ကရင်နယ်ခြားစောင့်တပ်က လိုက်လံဖမ်းဆီးစဉ်မှာ ကျူးလွန်သူတွေစီကနေ DKBA ဗဟိုကုန်သွယ်ရေးဌာနကတ်ပြားတွေကို တွေ့ရှိခဲ့တဲ့အပေါ် DKBA က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်း ပွဲမှာ DKBA ဗဟိုကုန်သွယ်ရေးဌာန စိစစ်ရေးကတ်ပြားဟာ ဗဟိုစစ်ဌာနချုပ်ရုံးက တရားဝင်ထုတ်ပေးထားတဲ့ တပ်ဖွဲ့ဝင် စိစစ်ရေးကတ်ပြားမဟုတ်ဘဲ ခရီးသွားလာရာမှာ အဆင်ပြေစေဖို့ ထုတ်ပေးထားတဲ့ ယာယီကတ်သာဖြစ်တယ်လို့ ဒုတိယကုန် သွယ်ရေးဌာနမှူး ဒုဗိုလ်မှူးကြီး စောမြင့်ဦးက ‌ဆိုပါတယ်။

“သူတို့က ကားတို့၊ ကုန်စည်လုပ်ငန်းတွေ လုပ်နေတယ်လို့ပဲ ကျွန်တော်တို့ဆီက ဌာ နမှူးကို သူတို့က ပြောတာ။ နောက်ပိုင်းကျမှပဲ ဒီဖြစ်စဉ်တွေ ဖြစ်ပွားလာတာ။ ကျွန်တော်တို့လည်း ဒီဖြစ်စဉ်တွေကို အစအဆုံး သိအောင်လိုက်ပြီးတော့ ကြိုးစားနေပါတယ်။ မိထားတဲ့ တရားခံတွေကိုလည်း စစ်ဆေးမေးမြန်းပြီးတော့ အမှုမှန်တွေ ပေါ်ပေါက်တဲ့အခါ တစ်ခါထပ်ပြီး ချပြပေးပါမယ်” လို့ ဒုဗိုလ်မှူးကြီး စောမြင့်ဦးက သတင်းမီဒီယာတွေကို ဖြေကြားထားပါတယ်။

ဒါအပြင် ပြန်ပေးဆွဲခံရတဲ့ မြဝတီမြို့ စီးပွားရေးလုပ်ငန်းရှင် ဟာဂျီဦးမြတ်ကိုကိုနဲ့ ရဲထက် (ခ) ကိုကိုရဲမြင့်၊ တေဇာလင်း(ခ)ရှောက်ပေါင်းတို့အကြား မိတ်ဆွေအချင်းချင်း ငွေကြေးကိစ္စပေးချေရန် ကျန်ရှိနေတာကို အကြမ်းဖျင်းသာ သိရှိထားရပြီး၊ အခုလို ပြန်ပေးဆွဲ ငွေညှစ်ခြိမ်းခြောက်မှု ကျူးလွန်တဲ့အပေါ် DKBA အနေနဲ့ စုံစမ်းစစ်ဆေးပြီး ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားမယ်လို့ ထပ်လောင်း ဆိုပါတယ်။

ကျူးလွန်သူ ၁၀ ဦးကို DKBA တပ်ဖွဲ့ တာ ဝန်ရှိသူတွေက ပူးပေါင်းရှာဖွေဖမ်းဆီးချိန်မှာ တေဇာလင်း (ခ) ရှောက်ပေါင်းကို အသေပစ်ခတ်ဖမ်းဆီးရရှိခဲ့ပြီး၊ ညီဖြစ်သူ ဟိန်းဇော်ထက် (ခ) အသေးလေး ဆိုသူကို လက်ရဖမ်းဆီးနိုင်ခဲ့သလို စီးပွား ရေးတာဝန်ခံ ရဲထက် (ခ) ကိုကိုရဲမြင့် ကို ရှာဖွေနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ဖိုဒါန

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး