Homeပြည်တွင်းသတင်းမြန်မာ–အမေရိကန် ပဲပုပ်ဖတ် တင်ပို့ရေး သဘောတူညီချက် လက်မှတ်ရေးထိုး

မြန်မာ–အမေရိကန် ပဲပုပ်ဖတ် တင်ပို့ရေး သဘောတူညီချက် လက်မှတ်ရေးထိုး

၂၆ ဖေဖော်ဝါရီ ၂၀၂၆ | New Day Myanmar

အရှေ့တောင်အာရှဒေသသို့ အမေရိကန် ပဲပုပ်ဖတ် တင်ပို့မှု တိုးမြှင့်နိုင်ရေးအတွက် မြန်မာနိုင်ငံဘက် ဝယ်ယူသူများနှင့် အမေရိကန်ဘက် တင်ပို့ရောင်းချသူများအကြား သဘောတူညီချက်အသစ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။

ယခု သဘောတူညီချက်ဟာ အမေရိကန် လယ်ယာထုတ်ကုန်များကို မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းဈေးကွက်များသို့ ပိုမိုချဲ့ထွင်တင်ပို့နိုင်ရေး ရည်ရွယ်ထားတာဖြစ်တယ်လို့ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

အမေရိကန်အနေနဲ့ ယခုလို စီးပွားရေးမိတ်ဖက်ပူးပေါင်းမှုတွေက လယ်သမားတွေအတွက် ဈေးကွက်သစ်တွေ ဖန်တီးပေးနိုင်သလို ဒေသတွင်း ထောက်ပံ့ရေးကွင်းဆက်တွေကို ပိုမိုခိုင်မာစေမယ်လို့ ဆိုပါတယ်။

ဒီကုန်သွယ်မှုကနေ မြန်မာ–အမေရိကန် စီးပွားရေး ဆက်ဆံရေးကို ရေရှည်တည်တံ့အောင် တည်ဆောက်သွားနိုင်ရေးအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့လည်းဆိုပါတယ်။

ဓါတ်ပုံ – အမေရိကန်သံရုံး

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး