Homeနိုင်ငံတကာသတင်းမြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံသားတွေကို Visa ကန့်သတ်ချက်တွေ ဖြေလျှော့သွားဖို့ ဟောင်ကောင်ဆုံးဖြတ်

မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံသားတွေကို Visa ကန့်သတ်ချက်တွေ ဖြေလျှော့သွားဖို့ ဟောင်ကောင်ဆုံးဖြတ်

၁၇ အောက်တိုဘာ၊ ၂၀၂၄

မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံသားတွေရဲ့ Visa ဝင်ခွင့်ကန့်သတ်ချက်တွေကို ဖြေလျှော့သွားမယ်လို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး John Lee က အောက်တိုဘာ ၁၆ ရက်က ကြေညာပါတယ်။

ဒီသုံးနိုင်ငံရဲ့ Multiple Entry Visa ဗီဇာသက်တမ်းကာလကို နှစ်နှစ်ကနေ သုံးနှစ်အထိ တိုးပေးသွားမယ်လို့ လွှတ်တော်အစည်းအဝေးမှာ သူက ဆိုပါတယ်။ ဒေသခံ ခရီးသွားအေးဂျင့်တွေဆီကနေ လျှောက်တဲ့ အုပ်စုလိုက် ခရီးသွားဗီဇာတွေကိုလည်း အမြန်ဆုံး လုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဟောင်ကောင်လွှတ်တော်အစည်းအဝေးမှာ အုပ်ချုပ်ရေးမှုး John Lee က တရုတ် ကွန်မြူနစ်ပါတီ ၂၀ ကြိမ် မြောက် ဗဟိုကော်မတီ အစည်းအဝေးကနေ ချမှတ်ခဲ့တဲ့ တပြည်ထောင် စနစ် ၂ မျိုး နိုင်ငံရေးမူအရ အစိုးရ အခြေခံအဆောက်အအုံကို ပိုမိုခိုင်ခန့်အောင် တည်ဆောက်ဖို့နဲ့ နိုင်ငံတကာ ငွေကြေး ဆက်သွယ်မှု၊ သင်္ဘော တွေနဲ့ ကုန်စည်ပို့ဆောင်တဲ့ ကုန်သွယ်ရေး အဓိက အချက်အခြာအဖြစ် တိုးမြှင့်ထိန်းသိမ်းဖို့ ကိစ္စတွေကို ပြောဆိုပါတယ်။

အုပ်ချုပ်ရေးမှူး John Lee လွှတ်တော်အစည်းအဝေးမှာ ပြောဆိုနေချိန် လွှတ်တော်အပြင်ဘက်မှာ ဆန့်ကျင်ဆန္ဒပြသူတွေ ရှိနေပါတယ်။

၂၀၁၉ ခုနှစ်က ဒီမိုကရေစီ တောင်းဆိုတဲ့ ဆန္ဒပြပွဲကြီးတွေမှာ တရုတ်အစိုးရက အတိုက်အခံ ဆန့်ကျင်သူတွေကို ပြင်းပြင်းထန်ထန် ဖဖမ်းဆီးအရေးယူခဲ့တဲ့အတွက် ဆန္ဒပြမှုတွေနည်းပါးပြီး အခုတခါ ပြန်ပြီး ဆန္ဒဖော်ထုတ်လာ ကြတာပါ။

၂၀၁၉ နောက်ပိုင်း လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်ကို ကန့်သတ်ထားတဲ့ တင်းကြပ်မှုတွေနဲ့အတူ သတင်းထောက်တွေကို အရေးယူ အပြစ်ပေးတာတွေလည်း ရှိနေပါတယ်။

Photo – the Standard

ဆက်စပ် သတင်းများ

Most read