Homeပြည်တွင်းသတင်းမြန်မာ့အ​ရေး အားလုံးက စိတ်မရှည်ကြတော့ဘူးလို့ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ပြော

မြန်မာ့အ​ရေး အားလုံးက စိတ်မရှည်ကြတော့ဘူးလို့ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ပြော

မေ ၂၂၊ ၂၀၂၅

မြန်မာ့အရေးကို ဖြေရှင်းနိုင်ဖို့ အတွက် အာဆီယံ နိုင်ငံတွေအားလုံးက စိတ်မရှည်ကြတော့ဘူးလို့ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာကောက်ကင်ဟွန်း က ပြောကြားလိုက်ပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တိုးတက်မှုမရှိတာနဲ့ပတ်သက်ပြီး ရိုက်တာ သတင်းထောက်က မေးမြန်းရာမှာ ဒေါက်တာ ဒေါက်တာကောက်ကင်ဟွန်းက အာဆီယံရဲ့ အစီအစဉ်ကို ကာကွယ်ပြီးပြောပါတယ်။ ဒါဟာ လှပတဲ့ အစီအစဉ်တခုဖြစ်ပြီး သက်ဆိုင်သူအားလုံးပါဝင်ဖို့ လည်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင်သူက “ဒီပြဿနာကို အမြန်ဖြေရှင်းနိုင်မယ်လို့ ထင်ရင် ဒါက အထင်ကြီးတာပါပဲ။ ကျွန်တော်တို့ကတော့ ဆက်ပြီး ညှိနှိုင်းသွားဖို့ ပါပဲ။ ဒီကိစ္စက အချိန်ယူရပါမယ်။ ဒါပေမယ့် သိတဲ့ အတိုင်း အားလုံးက စိတ်ရှည်တော့တာမဟုတ်ဘူး။”လို့ မှတ်ချက်ပြုပါတယ်။

လာမယ့် ရက်သတ္တပတ်အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင်မှာ မြန်မာ့အရေးအထူးအစည်းအဝေး ၂ ရပ်ကို ကျင်းပဖို့ ရှိနေပါတယ်။

“ဒါက မြန်မာနိုင်ငံအတွက် သီးသန့် ဆွေးနွေးပွဲဲဲဲဲဲဲဖြစ်ပါတယ်။ တခြား ကိစ္စတွေ မပါဝင်ပါဘူး။”လို့ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် ကောက်ကင်ဟွန်းက ပြောပါတယ်။

ဒါပေမယ့် ဘယ်လို ကိစ္စရပ်တွေကို ဆွေးနွေးမယ်ဆိုတာနဲ့ အဆိုပြုချက်အသစ်တွေ ရှိမလားဆိုတာကိုတော့ ကောက်ကင်ဟွန်းက မှတ်ချက်ပေးတာမရှိပါဘူး။

ပထမအစည်းအဝေးမှာ လက်ရှိ၊ ယခင်နဲ့ လာမယ့် အာဆီယံ ဥက္ကဋ္ဌနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ လာအိုနဲ့ ဖိလစ်ပိုင်တို့ ပါဝင်မှာဖြစ်ပြီး ဒုတိယအစည်းအဝေးမှာတော့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ပါဝင်မယ်လို့ သူကပြောပါတယ်။

ဆက်စပ် သတင်းများ

Most read