Homeပြည်တွင်းသတင်းမြန်မာ့အရေး နိုင်ငံတကာအစည်းအဝေးကို NUG နဲ့အတူ RCSS/SSA တက်ရောက်ခဲ့

မြန်မာ့အရေး နိုင်ငံတကာအစည်းအဝေးကို NUG နဲ့အတူ RCSS/SSA တက်ရောက်ခဲ့

၈ အောက်တိုဘာ၊ ၂၀၂၄

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာထိပ်တန်းသံတမန်တွေရဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကို ဗိုလ်ချုပ်ယွက်ဆစ်ရဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) တက်ရောက်ခဲ့တယ်လို့ RCSS ရဲ့ လူမှုကွန်ရက်မှာ အောက်တိုဘာ (၈) ရက်က ထုတ်ပြန်ပါတယ်။

ဂျာကာတာမြို့မှာ အောက်တိုဘာ ၄ ရက်နဲ့ ၅ ရက် နှစ်ရက်တာ ပြုလုပ်တဲ့ ဒီမြန်မာ့အရေး ဆွေးနွေးပွဲကို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအစုအဖွဲ့တွေလည်း တက်ရောက်ခဲ့တယ်လို့ RCSS က ဖော်ပြပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ဒီအစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။

ဒီအစည်းအဝေးကို ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ (EU)၊ အာဆီယံနဲ့ အင်ဒိုနီးရှားက ကိုယ်စားလှယ်တွေနဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ မြန်မာအတိုက်အခံ အင်အားစုတွေ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ တက်ရောက်တဲ့လူစာရင်းနဲ့ ဆွေးနွေးတဲ့အကြောင်းအရာတွေကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။

အစည်းအဝေးနဲ့ပတ်သတ်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အင်ဒိုနီးရှားသံရုံးနဲ့ စစ်ကောင်စီတို့ဘက်က မှတ်ချက်ပေးတာမျိုး မရှိပါဘူး။ RCSS/SSA ဟာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ တစ်ဖွဲ့ ဖြစ်ပါတယ်။

ပုံစာ- RCSS/SSA လူမှုကွန်ယက်မှာတင်ထားတဲ့အစည်းအဝေးမှတ်တမ်းပုံ

Photo – Tai Freedom

ဆက်စပ် သတင်းများ

Most read