Homeပြည်တွင်းသတင်းမြန်မာ့အရေးအလွတ်သဘောအစည်းအဝေးကို ၁၉ နဲ့ ၂၀ ရက်တွေမှာ ပြုလုပ်မယ့်အကြောင်း ထိုင်းထုတ်ပြန်

မြန်မာ့အရေးအလွတ်သဘောအစည်းအဝေးကို ၁၉ နဲ့ ၂၀ ရက်တွေမှာ ပြုလုပ်မယ့်အကြောင်း ထိုင်းထုတ်ပြန်

၁၇ ဒီဇင်ဘာ၊ ၂၀၂၄

မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၉ ရက်နဲ့ ၂၀ရက်တွေမှာ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ကြောင်း ဒီဇင်ဘာ ၁၆ ရက်က ထိုင်းနိုင်ငံ အစိုးရက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက အာဏာသိမ်းယူပြီးနောက်ပိုင်း အကြပ်အတည်းတွေ့နေတဲ့ မြန်မာပြည်သူတွေအတွက် အာဆီယံဒေသတွင်းအလွတ်သဘောအစည်းအဝေးနဲ့ မြန်မာနဲ့ နယ်နိမိတ်ထိစပ်နေတဲ့အိမ်နီးချင်းနိုင်ငံတွေရဲ့အစည်းအဝေးဆိုပြီး ၂ ခု သီးခြားစီ ကျင်းပမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa က သတင်းဌာနတွေကို အတည်ပြုထားပါတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ မြန်မာရဲ့အစည်းအဝေးနေ့မှာ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနဲ့ ထိုင်းနိုင်ငံ တို့ ပါဝင်ဆွေးနွေးမှာ ဖြစ်တယ်လို့ အတည်ပြုထားပါတယ်။

၁၉ ရက်နေ့အစည်းအဝေးမှာ နယ်နိမိတ်ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေကြားဆွေးနွေးမှာ ဖြစ်ပြီး စစ်ကောင်စီဘက်က ကိုယ်စားလှယ်ပါဝင်တက်ရောက်ဆွေးနွေးမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ Nikorndej Balankuraက ပြောဆိုထားပါတယ်။ ဒီအစည်းအဝေးမှာ အလွတ်သဘောအကြံပေးတာ၊ နယ်စပ်လုံခြုံရေးနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၀ရက်မှာတော့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အလွတ်သဘောဆွေးနွေးမှာ ဖြစ်ပြီး မြန်မာ့ငြိမ်းချမ်းရေးအတွက် ဘုံသဘောတူညီမှု ၅ ရပ်ကို ဆွေးနွေးမယ်လို့ Nikorndej က ပြောဆိုပါတယ်။ ‌

စစ်ကောင်စီနဲ့ အိမ်ရှင်ထိုင်းနိုင်ငံတို့ကြားမှာ ငါးဖမ်းစက်လှေက ဖမ်းဆီးထားတဲ့ ထိုင်းနိုင်ငံသား လေးဦးကို မလွှတ်ပေးသေးတဲ့အတွက် တင်းမာမှုတွေ ရှိနေပါတယ်။

ဆက်စပ် သတင်းများ

Most read