Homeပြည်တွင်းသတင်းမြန်မာ့အရေးအတွက် တရုတ်ကွန်မြူနစ်ပါတီ တံခါးပိတ်ဆွေးနွေး

မြန်မာ့အရေးအတွက် တရုတ်ကွန်မြူနစ်ပါတီ တံခါးပိတ်ဆွေးနွေး

၁၅ ဇန်နဝါရီ၊ ၂၀၂၅

မြန်မာနိုင်ငံရဲ့ စိုးရိမ်စရာ ပြည်တွင်းရေးအခြေအနေတွေနဲ့ပတ်သတ်ပြီး တရုတ်ကွန်မြူနစ်ပါတီထိပ်တန်း ကွန်မြူနစ်ပါတီ အမှုဆောင်တွေ၊ ဗျူရိုကရက်တွေ၊ ပညာရှင်တွေနဲ့ နိုင်ငံခြားရေးမူဝါဒ ကျွမ်းကျင်သူတွေက တံခါးပိတ်အစည်းအဝေး ကျင်းပခဲ့တယ်လို့ အိန္ဒိယအခြေစိုက် The Economic Times က ဇန်နဝါရီ ၁၄ ရက်က ဖော်ပြပါတယ်။

ဒီအစည်းအဝေးကို ဒီဇင်ဘာလအတွင်းက ကျင်းပပြုလုပ်ခဲ့တာလို့ ဖော်ပြပါတယ်။ အစည်းအဝေးတက်ရောက်လာသူတွေက စစ်ကောင်စီကို အင်အားချည့်နဲ့လာပြီး တရုတ်အကျိုးစီးပွားကို ကာကွယ်ပေးနိုင်မယ့်အခြေအနေမှာ ရှိမနေဘူးလို့ သုံးသပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးလိုမြို့ကြီးတွေကို စစ်ကောင်စီက ဆက်ပြီး ထိန်းသိမ်းထားပေမယ့် တရုတ်အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) တွေကိုလည်း အလေးပေးဆက်ဆံဖို့ အစည်းအဝေးမှာ အကြုံပြုခဲ့ကြတယ်လို့လည်း ဖော်ပြပါတယ်။

စစ်ကောင်စီနဲ့ EAOs အဖွဲ့တွေကိုသာမကဘဲ အာဏာသိမ်းပြီးမှ ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDFs) တွေနဲ့ပါ ဆက်ဆံရေးတိုးမြှင့်သင့်တယ်လို့လည်း အစည်းအဝေးတက်ရောက်လာသူတွေက အဆိုပြုခဲ့ကြတယ်လို့ ရေးသားဖော်ပြပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံဟာ ဆီးရီးယားလမ်းစဉ်ကို လိုက်ဖို့ ဖြစ်နိုင်ခြေ အားနည်းတယ်လို့ အစည်းအဝေးက သုံးသပ်ခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ ကိုးကန့်တပ်မတော် MNDAA တို့ နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့တွေ ဇန်နဝါရီလ ၁၅ ရက် ဒီနေ့မှာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တရုတ်ရဲ့ကြားဝင်စေ့စပ်မှုကြောင့် တွေ့ဆုံဆွေးနွေးမှာဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပထမတစ်ကြိမ် ဒီဇင်ဘာလအတွင်း တွေ့ဆုံဆွေးနွေးမှုက မအောင်မြင်ခဲ့ဘူးလို့ ကိုးကန့်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ပုံစာ – တရုတ်ပိုင် China Nation Petroleum Crop (CNPC) ရဲ့ ဓာတ်ငွေ့စီမံကိန်း (ပုံဟောင်း)

ဆက်စပ် သတင်းများ

Most read