Homeပြည်တွင်းသတင်းမြန်မာ့အရေးအတွက် ကုလလုံခြုံရေးကောင်စီက သီးသန့်ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်မည်

မြန်မာ့အရေးအတွက် ကုလလုံခြုံရေးကောင်စီက သီးသန့်ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်မည်

၂၀ ဒီဇင်ဘာ ၂၀၂၅

မြန်မာ့အရေးအတွက် ကုလလုံခြုံရေးကောင်စီက သီးသန့်ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်မယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ ထုတ်ပြန်ထားပါတယ်။

ဒါဟာ ပိုပြီးဆိုးရွားလာနေတဲ့ မြန်မာ့အရေးအတွက် လာမယ့် ဒီဇင်ဘာ ၂၂ ရက်မှာကျင်းပပြုလုပ်မှာဖြစ်ပြီးတော့ သီးသန့်ဆွေးနွေးပွဲကို ကျင်းပဖို့ ဗြိတိန်နဲ့ တောင်ကိုးရီးယားနိုင်ငံတို့က တောင်းဆိုခဲ့တာလို့ ဆိုပါတယ်။

ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့နဲ့ ၂၀၂၅ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားနိုင်ငံရဲ့ မြန်မာဆိုင်ရာ အာဆီယံအထူးသံတမန် မစ္စတာ တန်ဆီရီ အော့မန်းဟာရှင်တို့က မြန်မာရဲ့ လက်ရှိအခြေအနေတွေကို ရှင်းလင်းတင် ပြသွားကြမယ်လို့ ဆိုပါတယ်။

ဒါအပြင် လာမယ့်အစည်းအဝေးမှာ စစ်တပ်ကကျင်းပတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အကြမ်းဖက်မှုတွေ တိုးပွားလာနိုင်တဲ့ အန္တရာယ်တွေနဲ့ ပတ်သက်ပြီးတော့လည်း အလေးပေးပြောကြားဖို့ရှိတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် ကတော့ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်တဲ့အပြင် မြန်မာ့ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ အစောပိုင်းကတည်းက ပြောထားပါတယ်။

ဓာတ်ပုံ-Getty Images

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး