၂၈ ဒီဇင်ဘာ၊၂၀၂၄
မြန်မာ့အရေးပြဿတွေကိုဖြေရှင်းဖို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ အတွေ့အကြုံကောင်းတွေက တန်ဖိုးမဖြတ်နိုင်တဲ့အခွင့်အလမ်းတွေရရှိလာမှာဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း ငြိမ်းချမ်းရေးကြိုးပမ်းရေးနဲ့ မြန်မာ့ပြဿနာ ဖြေရှင်းရေး အပါအဝင်ဒေသတွင်း အရေး ကိစ္စတွေ ဆွေးနွေးဖို့ အာဆီယံဥက္ကဋ္ဌ ရာထူးရယူမည့် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ဟာ ထိုင်းဝန် ကြီး ချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နဲ့ တွေ့ဆုံခဲ့တယ်လို့ ထိုင်းနဲ့ မလေး သတင်းတွေမှာဖော်ပြလာမှုအရ သိရပါတယ်။
ထိုင်းနိင်ငံတောင်ပိုင်းက ပြဿနာတွေနဲ့ မြန်မာ့အရေးပြဿတွေကိုဖြေရှင်းဖို့ သက်ဆင်ရှင်နာဝပ်နဲ့ အန်ဝါအီ ဘရာဟင်တို့ တွေ့ဆုံခဲ့တယ်လို့ Malaymail က ဒီဇင်ဘာလ ၂၇ ရက်နေ့က ဖော်ပြထားပါတယ်။
အာဆီယံ-အရှေ့တောင်အာရှ နိုင်ငံများအသင်း အလှည့်ကျဥက္ကဋ္ဌရဲ့ အလွတ်သဘော အကြံပေး သက်ဆင်ရဲ့ အခန်းကဏ္ဍ အပါအဝင် အရေးကြီးတဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့တယ်လို့ မလေးရှား ဝန်ကြီးချုပ်က ပြောဆိုထားပြီး မလေးရှားနဲ့ အာဆီယံက ဖြေရှင်းဖို့ ဒေသတွင်း သက်ဆင်ရဲ့ ဆက်သွယ်ရေးကွန်ရက် ရှိတာနဲ့ သူ့အတွေ့အကြုံတွေကြောင့် တန်ဖိုးမဖြတ်နိုင်တဲ့ အခွင့်အလမ်း ရှိတယ်လို့ မလေးရှား ဝန်ကြီးချုပ်က သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားပါတယ်။
သက်ဆင်ရဲ့ ဒေသတွင်း ကြီးမားသော ဆက်ဆံရေးကွန်ရက် နဲ့ အတွေ့အကြုံကောင်းတွေက မလေးရှား နဲ့ အာဆီယံအတွက် တန်ဖိုးမဖြတ်နိုင်တဲ့အခွင့်အလမ်းတွေ ရရှိစေမှာဖြစ်ကြောင်း၊ မလေးရှား နဲ့ ထိုင်း နှစ်နိုင်ငံကြား ခိုင်မာတဲ့နှစ်နိုင်ငံ ဆက်ဆံရေးကို ခိုင်မာစေမယ့် နည်းလမ်းတွေကိုလည်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။
မလေးရှားနိုင်ငံဟာ လာမယ့် ၂၀၂၅ ခုနှစ် အာဆီယံအဖွဲ့ကြီးရဲ့ အလှည့် ကျ ဥက္ကဋ္ဌ ရာထူးတာဝန်ကို ထမ်းဆောင်ရမှာဖြစ်တယ်လို့လည်း သိရပါတယ်။