Homeပြည်တွင်းသတင်းမြန်မာ့အရေးဖြေရှင်းဖို့ သက်ဆိုင်ရာအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားမယ်လို့ မလေးရှားဝန်ကြီးချုပ် ပြောဆို

မြန်မာ့အရေးဖြေရှင်းဖို့ သက်ဆိုင်ရာအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားမယ်လို့ မလေးရှားဝန်ကြီးချုပ် ပြောဆို

၁၃ အောက်တိုဘာ၊ ၂၀၂၄

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က မြန်မာ့အရေး အကြပ်အတည်းကို ဖြေရှင်းဖို့အတွက် သက်ဆိုင်ရာအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားမယ်လို့ အာဆီယံထိပ်သီး အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

မြန်မာနိုင်ငံက မလေးရှားနဲ့ ထိတွေ့ဆက်ဆံရေးကို တက်တက်ကြွကြွလုပ်ဆောင်ဖို့ အသင့်ရှိနေတာကို ပြသတဲ့အတွက် ဒါဟာ အပြုသဘောဆောင်တဲ့ တိုးတက်မှု ဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောဆိုသွားပြီး နိုင်ငံခြားရေးဝန်ကြီး Mohamad Hasan ကို မြန်မာနဲ့ ညှိနှိုင်း ဆွေးနွေးဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အပြင် ရှင်းရှင်းလင်းလင်းပြောဆို ဆွေးနွေးနိုင်တဲ့ အဆင့်မြင့်အရာရှိအဆင့် အလွတ်သဘော ဆွေးနွေးမှုတွေလည်း ရှိသင့်တယ်လို့ မလေးရှား ဝန်ကြီးချုပ်က ပြောပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီးမှာ လူပေါင်း ၄၀၀၀ လောက် သေဆုံးပြီး လူ ၁ သန်းလောက် နေအိမ်စွန့်ခွာ ထွက်ပြေးနေရသလို မလေးရှားနိုင်ငံအနေနဲ့ မြန်မာဒုက္ခသည် ၂ သိန်းလောက်ကို လက်ခံထားရတယ်လို့ သူက ဆိုပါတယ်။

အောက်တိုဘာ ၉ ရက်က ၁၁ ရက်ထိ ကျင်းပခဲ့တဲ့ ၃ ရက်ကြာ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာ့အရေးဟာ ထိပ်တန်းဆွေးနွေးမှုတစ်ခု ဖြစ်ခဲ့ပြီး အရှေ့တောင်အာရှဒေသတွင်း ငြိမ်းချမ်းမှု ဆက်လက်တည်မြဲရေး ကို ဦးစားပေး ဆွေးနွေးခဲ့တယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောဆိုပါတယ်။

ပုံစာ – အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီဘလင်ကန်နဲ့ မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်ဝါအီဘရာဟင်

Photo – Bernama

ဆက်စပ် သတင်းများ

Most read