Homeနိုင်ငံတကာသတင်းမြန်မာ့အရေးပြဿနာတွေအတွက် ကုလအထူးကိုယ်စားလှယ် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံဆွေးနွေး

မြန်မာ့အရေးပြဿနာတွေအတွက် ကုလအထူးကိုယ်စားလှယ် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံဆွေးနွေး

၁၁ ဇူလိုင်၊ ၂၀၂၄

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Ms. Julie Bishop နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Mr. Maris Sangiampongsaတို့ တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့ကြတယ်လို့ ထိုင်း သတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။

သြစတေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်းလဲ ဖြစ်သူ Ms. Julie Bishop နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Mr.Maris Sangiampongsa တို့ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဇူလိုင် ၅ ရက်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ ကြတာပါ။

မြန်မာနိုင်ငံနဲ့ပတ်သတ်ပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ဆက်လက်ပေးဖို့ ၊ နိုင်ငံရေး အဖြေတစ်ခုရှာဖို့ စတဲ့ အချက်တွေကို ကုလသမဂ္ဂနဲ့ အာဆီယံအဖွဲ့တို့က အာဆီယံ ဘုံသဘောတူညီချက် ၅ ခုအပေါ်မူတည်ပြီး ညှိနှိုင်းဆောင်ရွက်ဖို့ ဆွေးနွေးသဘောတူခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန်ဟာ ထိုင်းကို မလာခင်မှာ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံ၊ ရှေ့နှစ်တုန်းက ဥက္ကဋ္ဌ တာဝန်ယူခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံနဲ့ နောက်နှစ်အတွက် အာဆီယံအလှည့် ကျ ဥက္ကဋ္ဌ တာဝန်ယူမယ့် မလေးရှားနိုင်ငံတို့ကို သွားရောက်ပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ပါသေးတယ်။

အာဆီယံဟာ မြန်မာ့အရေးကို ဖြေရှင်းဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ သုံးနိုင်ငံ တွဲဖက်ဖြေရှင်းရေး (Trioka) ကို လုပ်ဆောင်မယ်လို့ ၂၀၂၃ အတွက် အာဆီယံ အလှည့်ကျ တာဝန်ယူခဲ့တဲ့ အင်ဒိုနီးရှားက ပြောထားပါ တယ်။

နောင်နှစ်အတွက် အာဆီယံအလှည့်ကျ တာဝန်ယူဖို့ ရှိတဲ့ မလေးရှားကလည်း ရှေ့က အင်ဒိုနီးရှား လုပ်ဆောင်ထားတဲ့ မြန်မာ့အရေး ဆောင်ရွက်ချက်တွေကို ဆက်ပြီး ကြိုးပမ်းဆောင်ရွက်မယ်လို့ အာဆီယံအစည်းအဝေးမှာ ကြေညာထားပါတယ်။

ဆက်စပ် သတင်းများ

Most read