Homeပြည်တွင်းသတင်းမြန်မာ့အရေးဆွေးနွေးရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ တရက်ကြာ လာရောက်မည်

မြန်မာ့အရေးဆွေးနွေးရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ တရက်ကြာ လာရောက်မည်

အောက်တိုဘာ ၂၀၂၅

မြန်မာ့ရေးဆွေးနွေးရန် မလေးရှားနိုင်ငံ ခြားရေးဝန်ကြီး Dato Seri Utama Haji Mohamad Bin Haji Hasan ဟာ ဒီကနေ့ အောက်တိုဘာ ၉ ရက်နေ့မှာ မြန်မာနိုင်ငံ ကို တရက်ကြာ လာရောက်မှာဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်းမှာ အာဆီယံဘုံသဘော တူညီချက် ၅ ချက်အကောင်အထည်ဖော်ရေး၊ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်မြောက်ဖို့နဲ့ စစ်ကော်မရှင် ကျင်း ပမဲ့ ရွေးကောက်ပွဲအရေးကိစ္စကိုလည်း

စစ်ခေါင်းဆောင်နဲ့ လာရောက်တွေ့ဆုံဆွေးနွေးမယ်လို့ မလေးရှား အစိုးရရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အခုလာရောက်တဲ့ ခရီးစဉ်ဟာ ဇူလိုင်လက ပြုလုပ်ခဲ့တဲ့ ၅၈ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်း အ ဝေး ဆုံးဖြတ်ချက်အရ လာရောက်တာဖြစ်ပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ အာဆီယံ အထူးကိုယ်စားလှယ်ပါ လိုက်ပါလာမှာဖြစ်တယ်လို့သိရပါတယ်။

မလေးရှား နိုင်ငံခြားရေးဝန်ကြီးရဲ့အခုစဉ်ဟာ အာဆီယံဥက္ကဋ္ဌရဲ့ လုပ်ပိုင်ခွင့်နဲ့လုပ်ဆောင်တာဖြစ်ပြီး၊ မလေးရှားအစိုးရအနေနြဲ မြန်မာအရေးကို မြန်မာတွေကိုယ် တိုင် ဦးဆောင်ပြီး အကျပ်အတည်း ဖြေရှင်းရေးကို ပိုမိုအားပေးထောက်ခံတယ်လို့ ဆိုထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး