Homeပြည်တွင်းသတင်းမြန်မာ့အရေးဆွေးနွေးရန် အမေရိကန်နိုင်ငံခြား‌ရေးဝန်ကြီး ဘလင်ကန် အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်

မြန်မာ့အရေးဆွေးနွေးရန် အမေရိကန်နိုင်ငံခြား‌ရေးဝန်ကြီး ဘလင်ကန် အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်

၉ အောက်တိုဘာ၊ ၂၀၂၄

အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီဘလင်ကန်ဟာ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်ပြီး မြန်မာ့အရေးဆွေးနွေးသွားမယ့်အကြောင်း တရားဝင်ထုတ်ပြန်ကြေညာပါတယ်။

အန်ထော်နီဘလင်ကန်ဟာ အောက်တိုဘာလ ၉ ရက်က ၁၁ ရက်အထိ လာအိုနိုင်ငံမှာ ရှိနေမှာဖြစ်ပြီးအာဆီယံထိပ်သီးအစည်းအဝေး တက်ပြီးရင် အရှေ့အာရှ ထိပ်သီးအစည်းအဝေးနှင့် အမေရိကန်-အရှေ့တောင်အာရှ နိုင်ငံများအသင်း ထိပ်သီးအစည်းအဝေးများကို ဆက်ပြီး တက်ရောက်ဆွေးနွေးမယ်လို့ သိရပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးမှာ ဘလင်ကန်ဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေးကိစ္စရပ်၊ တောင်တရုတ်ပင်လယ်နဲ့ ယူကရိန်းက တရုတ်ရဲ့ တာဝန်ယူမှုကင်းမဲ့တဲ့အပြုအမူတွေကို ထည့်သွင်းဆွေးနွေးသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အရှေ့အာရှဆိုင်ရာ အထူးကိုယ်စားလှယ် ဒိန်းနယ် ခရစ်တင်ဘရင့်ခ်က သတင်းထောက်တွေကို ပြောဆိုပါတယ်။

ခရစ်တင်ဘရင့်ခ်က အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံမှာ စစ်ကောင်စီက ရွေးကောက်ပွဲပြုလုပ်ဖို့ စီစဉ်နေတဲ့အပေါ် အလေးအနက် စိုးရိမ်ပူပန်နေတယ်လို့ ဆိုပါတယ်။ “ရွေးကောက်ပွဲတွေကို တိုင်းပြည်အေးချမ်းပြီး ပြန်လည် သင့်မြတ်တဲ့အခြေအနေမှာပဲ ပြုလုပ်သင့်တယ်လို့ ထင်မြင်ယူဆကြောင်း” ထည့်သွင်းပြောဆိုပါတဘ်။

“ပြည်တွင်းမှာ အကြမ်းဖက်မှုတွေလျော့နည်းစေဖို့၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီအရေးလှုပ်ရှားနေတဲ့ အတိုက်အခံတွေနဲ့ ဆွေးနွေးဖို့ စစ်ကောင်စီကို ဖိအားပေးတဲ့အစီအစဉ်တွေမှာ အောင်မြင်မှုမရသေးဘူး” လို့ ခရစ်တင်ဘရင့်ခ်က ဆိုပါတယ်။ ဒေသတွင်း အိမ်နီးချင်းတွေကို စစ်ကောင်စီအပေါ် ဖိအားပေးမှု ဆက်လက်လုပ်ဆောင်နေဖို့က အရေးကြီးတယ်လို့ သူက ဆိုပါတယ်။ ၂၀၂၅ ခုနှစ်မှာ မြန်မာနိုင်ငံ ရွေးကောက်ပွဲပြုလုပ်မယ့် အရေးနဲ့ပတ်သတ်ပြီး ပြည်သူတွေအကုန် ပါဝင် ကိုယ်စားပြုမှုမရှိတဲ့ရွေးကောက်ပွဲကို လုပ်တာဟာ အကြမ်းဖက်မှုတွေ ပိုတိုးလာပြီး ပဋိပက္ခသက်တမ်းပိုပြီး ရှည်ကြာစေပါတယ်လို့ မှတ်ချက်ပြုသွားပါတယ်။

Photo – RTBF

ဆက်စပ် သတင်းများ

Most read