Homeပြည်တွင်းသတင်းမြန်မာ့ဒီမိုကရေစီပြန်လည်ရှင်သန်လာရေး ပူးပေါင်းပေးဖို့ ထိုင်းဝန်ကြီးချုပ်သစ်ကို NUG ဝန်ကြီးချုပ်တောင်းဆို

မြန်မာ့ဒီမိုကရေစီပြန်လည်ရှင်သန်လာရေး ပူးပေါင်းပေးဖို့ ထိုင်းဝန်ကြီးချုပ်သစ်ကို NUG ဝန်ကြီးချုပ်တောင်းဆို

၂၄ ဩဂုတ်၊ ၂၀၂၄

မြန်မာနိုင်ရဲ့ ဒီမိုကရေစီ အရေးမှာ ထိုင်းနိုင်ငံက ဆက်လက်ပံ့ပိုးကူညီဖို့နဲ့ မြန်မာနိုင်ငံမှာ လက်ဖြစ်ဖြစ်ပေါ်နေတဲ့ အကျပ်အတည်တွေဖြေရှင်းရာမှာ ဆက်လက်ပံ့ပိုးကူညီပေးဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထိုင်း ဝန်ကြီးချုပ် သစ် Paetongtarn Shinawatra ကိုတောင်းဆိုလိုက်ပါတယ်။

ထိုင်းဝန်ကြီးချုပ်သစ် Paetongtarn Shinawatra အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာကို NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဩဂုတ်လ ၁၉ ရက်ကပေးပို့ခဲ့တာဖြစ်ပြီး အဲ့ဒီသဝဏ်လွှာမှာ ခုလိုဖော်ပြထားတာပါ။

အဲ့ဒီသဝဏ်လွှာထဲမှာ အမျိုးသား ညီညွတ်ရေးအစိုးရအနေနဲ့ နှစ်နိုင်ငံ ဘုံအကျိုးစီးပွားနှင့် နှစ်နိုင်ငံပြည်သူတွေကောင်းစားရေး ပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပြန်လည်ရှင်သန်လာစေရေးဆိုင်ရာ ကိစ္စ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စ၊ နယ်စပ်လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတွေ တိုက်ဖျက်ဖို့နဲ့ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်ရေးတို့ ပူးပေါင်းလုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ရဲ့ ဒီမိုကရေစီ အရေးတော်ပုံမှာ ထိုင်းနိုင်ငံက ဆက်လက်ပံ့ပိုးမှုနဲ့ မြန်မာပြည်သူတွေ ကို ကူညီပေးနေတာတွေအတွက် အိမ်နီးချင်း ထိုင်းနိုင်ငံကို ကျေးဇူးတင်ကြောင်းလည်း သဝဏ်လွှာမှာဖော်ပြထားပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံရဲ့ အသက်အငယ်ဆုံး ၀န်ကြီးချုပ်ဖြစ်သလို ဒုတိယမြောက်အမျိုးသမီးအဖြစ် ဒီတာဝန်ကိုထမ်းဆောင်မှာဖြစ်တဲ့ အတွက် ဂုဏ်ယူကြောင်း၊ ဒါဟာ ထိုင်းနိုင်ငံက အမျိုးသမီးတွေသာမက ကမ္ဘာတဝှမ်းက အမျိုးသမီးတွေအတွက်ပါ အင်အားကြီးတဲ့ လှုံ့ဆော်မှုဖြစ်တယ်လို့ သဝဏ်လွှာမှာရေးသားထားပါတယ်။

ဆက်စပ် သတင်းများ

Most read