Homeပြည်တွင်းသတင်းမြန်မာ့တော်လှန်ရေးကို ထောက်ခံသူ လီဂျဲမြောင် တောင်ကိုရီးယားနိုင်ငံ သမ္မတဖြစ်လာ

မြန်မာ့တော်လှန်ရေးကို ထောက်ခံသူ လီဂျဲမြောင် တောင်ကိုရီးယားနိုင်ငံ သမ္မတဖြစ်လာ

၄ ဇွန်၊ ၂၀၂၅

မြန်မာ့ နွေဦးတော်လှန်ရေးစတင်ချိန်ကတတည်းက ယနေ့အချိန်အထိ မြန်မာ့ဒီမိုကရေစီအရေးကို အားပေးထောက်ခံသူ ဒီမိုကရက်တစ်ပါတီ‌ ခေါင်းဆောင် လီဂျဲမြောင်ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ၂၁ ကြိမ်မြောက် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရပြီး သမ္မတဖြစ်လာတယ်လို့ သိရပါတယ်။

သူဟာ တောင်ကိုရီးယား နိုင်ငံရေးအသိုက်အဝန်းကြားမှာ လက်သုံးချောင်းထောင်ပြီး မြန်မာ စစ်အုပ်စုကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။

ကိုရီးယားနိုင်ငံအတွင်း မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုနဲ့ ထောက်ပံ့မှုအားကောင်းတဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား) ရဲ့ “မြန်မာနက်ဝပ်အဖွဲ့အစည်း” အတွက် အထူးကူညီ ဆောင်ရွက်ပေးခဲ့သူလည်းဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၄ မေလ ၁၈ ရက်က ဂွမ်ဂျူးမြို့ ၅.၁၈ နှစ်ပတ်လည် အခမ်းအနားမှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဝန်ကြီး ဦးတင်ထွန်းနိုင်တို့နဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။

ဆက်စပ် သတင်းများ

Most read